Friday, May 25, 2012

လက်ဆောင်


လက်ဆောင်ပေးတယ်ဆိုတာ အကြောင်းပြချက် အမျိုးမျိုးရှိကြတယ်                         
လက်ဆောင်ကို လက္ခံတဲ. သူကလည်း ခံယူချက်အမျိုးမျိုးပေါ.
တချို.ကတော. ကျေးဇူးတရားတွေကို တုန်.ပြန်တဲ. အနေနဲ.ပေးကြတယ်
တချို.ကျတော.လည်း တစုံတရာကို မျှော်လင်.ချက်နဲ. ပေးချင်ပေးကြမှာပါ
အဓိကတော. လက်ဆောင်ပေးတယ် ဆိုတာ အသိအမှတ် ပြုတဲ.သဘောနဲ.                      
လက္ခံ ရရှိသူက ကိုယ်.ကို အသိအမှတ်ပြုဖို. အမှတ်တရဖြစ်အောင် ပေးကြတာများတယ်။

အမှန်တော. ပစ္စည်းတခုခုပေးမှ လက်ဆောင်လို.မည်တာတော. မဟုတ်ပါဘူး ....
ဘ၀မှာ အမှတ်ရစရာ ၊ မှတ်သားစရာတခုခု ပေးခဲ.ရင်လဲ လက်ဆောင်ပဲပေါ. ။

ပစ္စည်း ပစ္စလက်ဆောင်တွေကို ပြန်ထုတ်ကြည်.၊ ပြန်ကြည်.မိတဲ.အခါတိုင်း
ပြန်လည်တမ်းတ သတိရ အောက်မေ.စေသလို ပြောခဲ.တဲ. အမှတ်တရစကား ၊ပေးခဲ.တဲ. အသိ       တရား နဲ. တုန်.ပြန်ခဲ.တဲ. အထိအတွေ.တွေကလည်း ပြန်ပြီးသတိရစေမယ်. အမှတ်တရ လက်ဆောင်တွေဖြစ်နိုင်ပါတယ်။

ဒါပေမယ်. လက္ခံတဲ.သူရဲ. သဘောထားပေါ် မူတည်ပြီး လက်ဆောင်ဟာ အဓိပ္ပါယ် အမျိုးမျိုး ကွဲပြားသွားပါလိမ်.မယ် ။ လက်ဆောင် တခုခုလက်ခံ ရရှိတာကို အမှတ်တရလို. သဘောမထားရင်
သာမန်အသုံးအဆောင်ပစ္စည်းတခုဖြစ်သွားနိုင်သလို ပြောခဲ.တဲ.အမှတ်တရ တွေကို မေ.ပြစ် ဖျောက်ဖျက်
လိုက်မယ်ဆိုရင်လည်း လေထဲ ပျောက်ကွယ်သွားမှာပါ။

လူတိုင်းလိုလို ပစ္စည်း ပစ္စလက်ဆောင်တွေ မဟုတ်သည်.တိုင် လူ.ဘ၀မှာ ဖြတ်သန်းရင် ရရှိခဲ.တဲ. အမှတ်တရတွေတော. ရှိကြမှာပါ ..။ ပြန်တွေးမိတိုင်း တမြေ.မြေ.လွမ်းဆွတ်တမ်းတ စေမယ်.အရာ တိုက်ဆိုင်တိုင်းမှာ သတိရအာက်မေ.စေတဲ. အရာမျိုး အဲဒါတွေဟာ ဘ၀ရဲ. အမှတ်တရ လက်ဆောင် တွေပဲပေါ ..။

Thursday, May 17, 2012

မိုနာလီဆာ အမျိုးသမီးပုံတူ ပန်းချီကားအကြောင်း


ကျွန်ုပ်တို. မသိသေးတဲ. မိုနာလီဆာခေါ် ကမ္ဘာကျော် အမျိုးသမီးပုံတူပန်းချီကား အကြောင်း
( သိတဲ.သူတွေလည်း အများကြီးရှိမှာပါ) :D


မိုနာလီဆာ ပန်းချီကားချပ်ဟာ လျှို.၀ှက်ဆန်းကြယ်မှုတွေနဲ. ကမ္ဘာမှာ ထူးခြားတဲ. ပန်းချီကား တချပ်ဖြစ်ပါတယ် ။

၁၅၀၃ ခုနှစ်မှ ၁၅၀၆ ခုနှစ်ထိ အီတလီနိုင်ငံမှာ လီယိုနာဒိုတာဗင်ချီ ကရေးဆွဲခဲ.တာပါ။


မိုနာလီဆာ ပုံတူပန်းချီကားကို ၁၆ ရာစုနှစ်ကတည်းက အီတလီမှာ ရေးဆွဲခဲ.ပြီး ၊ ၁၈၀၄ ခုနှစ် ပြင်သစ်ဘုရင် Francois -I ပိုင်ဆိုင်သွားပြီးနောက် ယနေ.တက်ထိ ပြင်သစ်နိုင်ငံ မှာထိမ်းသိမ်းထားပါတယ်။

အလွန်ကျော်ကြားတဲ. လိုဗာပြတိုက်ထဲမှာ ထားရှိခဲ.တာ အခုဆို ကိုယ်ပိုင် သီးသန်.အခန်းလေးနဲ. ဖြစ်နေပါပြီ။

ဒီပန်းချီကားကို ကိုယ်ဟန်ပြခဲ.သူကတော. အသက် နှစ်ဆယ်.ငါးနှစ်အရွယ် lisa Gherardini Giocondo ခေါ်အိမ်ထောင်ရှင် အမျိုးသမီးလေးဖြစ်ပါတယ် ။

သူမဟာ ချမ်းသာတဲ. အသိုင်းအ၀ိုင်းက ဆင်းသက်လာသူဖြစ်သလို သူ.ခင်ပွန်းကလည်း ပစ္စည်းဥစ္စာ ပြည်.စုံသူ ဖြစ်ပါတယ်။ ဒီပန်းချီကားအတွက် ကျသင်.ငွေကို သူ. ခင်ပွန်းကပင် ပေးချေခဲ.တယ်လို.လည်း ယူဆကြပါတယ်။

မိုနာလီဆာ ပန်းချီကားကို အမှန်တကယ်တော. ပြင်သစ်လို Mia Donna Lisa (My lady lisa) လို.အမည်ပေးခဲ.ပြီး အတိုချုံ. အခေါ် Monna Lisa ဖြစ်ပါတယ် ။ နောက်ပိုင်း အင်္ဂလိပ် စားလုံးပေါင်းမှားယွင်း ရာကနေ အခုထိ Mona Lisa ဆိုပြီးတွင်ကျယ်ခဲ.ပါတယ် ။

ဒီပန်းချီကားကို အီတလီလို “Giocondo” လို.ခေါ်ပြီး၊ ပြင်သစ်လိုတော. “Joconde” လို.ခေါ်ပါတယ်။

ဒီပန်းချီကားဟာ အမြင်. လက္မ (၃၀)၊ အကျယ် လက္မ (၂၀) ရှိတဲ. ပေါ်ပလာ (ခေါ်) သစ်သားဘောင် ပေါ်မှာ ဆီဆေးနဲ. ရေးဆွဲထားတာပါ။

မိုနာလီဆာ ပန်းချီကားထားရှိရာ လိုဗာပြတိုက်ကို နှစ်စဉ် လူခြောက်သန်းခန်. လာရောက်လည်ပတ်ပြီး မိုနာလီဆာ ပန်းချီကားကို ကြည်.ရှုခဲ.ပါတယ်။

မိုနာလီဆာ ပန်းချီကားကြီးကို လူတွေ စိတ်ဝင်တစားနဲ. တအံ.တသြ ဖြစ်ခဲ.ရတဲ.အကြောင်းအရင်း တခုက ဆန်းသစ်ထူးခြားတဲ. နည်းပညာတွေနဲ. လီယိုနာဒိုက “စဖူမာတို” လို.ခေါ်တဲ. အရောင်တွေကို ရောစပ်တဲ.နည်းနဲ. အရိပ်တွေကို အသုံးပြုထားခြင်းကြောင်.ဖြစ်ပါတယ်။