Friday, May 25, 2012

လက်ဆောင်


လက်ဆောင်ပေးတယ်ဆိုတာ အကြောင်းပြချက် အမျိုးမျိုးရှိကြတယ်                         
လက်ဆောင်ကို လက္ခံတဲ. သူကလည်း ခံယူချက်အမျိုးမျိုးပေါ.
တချို.ကတော. ကျေးဇူးတရားတွေကို တုန်.ပြန်တဲ. အနေနဲ.ပေးကြတယ်
တချို.ကျတော.လည်း တစုံတရာကို မျှော်လင်.ချက်နဲ. ပေးချင်ပေးကြမှာပါ
အဓိကတော. လက်ဆောင်ပေးတယ် ဆိုတာ အသိအမှတ် ပြုတဲ.သဘောနဲ.                      
လက္ခံ ရရှိသူက ကိုယ်.ကို အသိအမှတ်ပြုဖို. အမှတ်တရဖြစ်အောင် ပေးကြတာများတယ်။

အမှန်တော. ပစ္စည်းတခုခုပေးမှ လက်ဆောင်လို.မည်တာတော. မဟုတ်ပါဘူး ....
ဘ၀မှာ အမှတ်ရစရာ ၊ မှတ်သားစရာတခုခု ပေးခဲ.ရင်လဲ လက်ဆောင်ပဲပေါ. ။

ပစ္စည်း ပစ္စလက်ဆောင်တွေကို ပြန်ထုတ်ကြည်.၊ ပြန်ကြည်.မိတဲ.အခါတိုင်း
ပြန်လည်တမ်းတ သတိရ အောက်မေ.စေသလို ပြောခဲ.တဲ. အမှတ်တရစကား ၊ပေးခဲ.တဲ. အသိ       တရား နဲ. တုန်.ပြန်ခဲ.တဲ. အထိအတွေ.တွေကလည်း ပြန်ပြီးသတိရစေမယ်. အမှတ်တရ လက်ဆောင်တွေဖြစ်နိုင်ပါတယ်။

ဒါပေမယ်. လက္ခံတဲ.သူရဲ. သဘောထားပေါ် မူတည်ပြီး လက်ဆောင်ဟာ အဓိပ္ပါယ် အမျိုးမျိုး ကွဲပြားသွားပါလိမ်.မယ် ။ လက်ဆောင် တခုခုလက်ခံ ရရှိတာကို အမှတ်တရလို. သဘောမထားရင်
သာမန်အသုံးအဆောင်ပစ္စည်းတခုဖြစ်သွားနိုင်သလို ပြောခဲ.တဲ.အမှတ်တရ တွေကို မေ.ပြစ် ဖျောက်ဖျက်
လိုက်မယ်ဆိုရင်လည်း လေထဲ ပျောက်ကွယ်သွားမှာပါ။

လူတိုင်းလိုလို ပစ္စည်း ပစ္စလက်ဆောင်တွေ မဟုတ်သည်.တိုင် လူ.ဘ၀မှာ ဖြတ်သန်းရင် ရရှိခဲ.တဲ. အမှတ်တရတွေတော. ရှိကြမှာပါ ..။ ပြန်တွေးမိတိုင်း တမြေ.မြေ.လွမ်းဆွတ်တမ်းတ စေမယ်.အရာ တိုက်ဆိုင်တိုင်းမှာ သတိရအာက်မေ.စေတဲ. အရာမျိုး အဲဒါတွေဟာ ဘ၀ရဲ. အမှတ်တရ လက်ဆောင် တွေပဲပေါ ..။

No comments:

Post a Comment