ထီးရိုးရှည်လေးက မပါမဖြစ် ကိုးလိုးကန်.လန်. ဆွဲသွားရစမြဲပါ။
ထိုနေ.က မနက်ကိုးနာရီ လောက်မှာ ရုံးတခုမှာ လုပ်စရာရှိသည်နှင်. ၀န်ထမ်း ၊ အလုပ်သမားတွေ ရုံးတက်ချိန်
မိမိလည်း ပြင်ဆင်ပြီး ထီးရိုးလေးတကားကားနဲ. ဘတ်စ်ကား မှတ်တိုင်နားရောက်လေသည် ။ မိမိက ရန်ကုန်မြို.မှာ အလုပ်လုပ်သူ မဟုတ်သလို မိုးမရွာတဲ.နေ.တွေမှာ မနက်ပိုင်း ခပ်စောစော လမ်းလျှောက် ထွက်သည်မှအပ တော်ရုံတန်ရုံ
မနက်စောပိုင်း ဘတ်စ်ကားနှင်. အပြင်ထွက်လေ.မရှိ၊ ရန်ကုန်မှာ သောင်တင်နေတုန်း စိတ်ရှိလက်ရှိအနားယူရန် အကြံလည်း ဖြစ်လေသည်။ ထိုနေ.မှာတော. မိမိလည်း ရန်ကုန်ပြည်သူပြည်သား၊ ၀န်းထန်းတွေနဲ.အတူ ဘတ်စ်ကား စီးဖြစ်လေသည် ။
အစမှာတော. ချောင်တဲ.ကား စီးဖို.၊ နေရာလွတ်ရှိတဲ.ကားစီးဖို. စောင်.မိနေသေးတယ် ဒါပေမယ်. ဘယ်အစီးမှ
ချောင်တယ် လို.ကိုမရှိ ၊ ဟုတ်သားဘဲလေ ရန်ကုန်မြို. လူဦးရေ ရှစ်သန်းလောက်အတွက် ဘတ်စ်ကားနဲ.
လူဦးရေ မျှတအောင် ဘယ်သူက ချထားပေးတာကျလို. မထူးပါဘူး သူတိုး ကိုယ်တိုးနဲ. ကိုယ်လည်း ခင်မောင်တိုးပေါ.။
စပါယ်ရာရဲ. လက်မောင်းတွန်းအားနဲ. တခြားလူများနည်းတူ မိမိလည်း တိုးကာဝှေ.ကာ ကားပေါ်ကို ရောက်သွားခဲ.သည်။
မိုးနတ်မင်းကြီးက မိုးရေပေါက်လေးတွေ တဖွဲဖွဲပက်ဖြန်း ပေးနေသော်လည်း ဘတ်စ်ကားပေါ်
အရောက်မှာ နွေရာသီတခုလို ချွေးသီး၊ ချွေးပေါက်တွေတလိမ်.လိမ်.ကျဆင်းလာသည် ။
ကိုယ်ကဘဲ လူတောမတိုးဖူးလို. နေမှာ။ သူများတကာတွေ နှစ်နဲ.လနဲ.ချီပြီး ဘတ်စ်ကားကို
စီးလာတာ ကိုယ်.ကျမှ လက်လန်သွား လို.တော.မဖြစ်သေး ။
အနောက်ဘက်ကလူတွေ ဆင်းချင်ပြန်တော. အလယ်ခေါင် လမ်းကျဉ်းလေးမှာလေ.ကျင်.ခန်း မလုပ်လာခဲ.သမျှ ၊
အစားကောင်းတွေ.ရင်စိတ်ရှိလက်ရှိ စားလာခဲ.သမျှအခုမှ နောင်တရပါပြီ ။ ထက်နေခြည်လို ဆိုလိုက်တော.မယ်
“ရှောင်လို.တိမ်းလို… မလွတ်နိုင်ပါ …” ကျော်ခွချင်လည်း ခွသွားပါစေတော. ၊ ပိန်သွယ်သွယ်လေးတွေ
အပြင်ထွက်ချင်ရင်သိပ်အခက်အခဲ မရှိပေမယ်. ၀သောသူများ ကိုယ်.ကိုယ်ကို
မုန်းတီး သွားလောက်အောင် တရားပြတဲ. ဘတ်စ်ကားပါလားနော်။ ဟို အမ၀တုတ်တုတ်ကြီးက
ဆင်းအုံးမှာတဲ. ၊အနောက်ဆုံးကို ၀င်ထားမိတော. သူ.အတွက် ထွက်ပေါက်ကိုတွေးပူနေမိသည် ။
ကိုယ်ကသာ ဖယ်ပေးမှ ၊ သူကမိန်းခလေး နောက်ကြောင်းမအေးတဲ. ထောက်လှမ်းရေးလို.လည်း မပြောမခံနိုင်ပါဘူး၊
ဘေးထိုင်ခုံ ပေါ်က အစ်မကြီးကိုလည်ုး အားနာရ ကိုယ်က သူ.အပေါ်မှာ ကုတ်ကိုင်းကိုင်း ၊ မတော်လို. သူကို ခလုတ်တိုက်မိရင် ချက်ချင်းပင် တောက်ဖိနပ်စာ မိသွားနိုင်ရဲ. ၊ အရှက်မကွဲခင် ယောက်ျားကြီးတွေ ကိုယ.်ကိုယ်ကို မိန်းခလေးတွေထက် ကြုံ.ကြုံ.ရုံ.ရုံ. နေထိုင်ဆင်ခြင်မှ။ အစမှာတော. အလယ်ခေါင်လမ်းကြော ကျဉ်းကျဉ်းလေးမှာ ခြေတချစာ ပိုင်ဆိုင်ထားသေးပေမယ်. အခုတော. ကိုယ်ကိုပင် ပြန်မတ်ဖို. မလွယ်တော.တဲ. အဆင်.။ ဒီကြားထဲက လက်တဖက်က ထီးရိုးရှည်ကြီးနဲ. ဖိုင်ဟိုးတာကို ကိုင်ထားရသေး ၊ လက်တဖက်ကို အမှီသဟဲပြုဆွဲကိုင်ဖို. လိုက်ရှာတော. ထိုင်ခုံရထားတဲ.သူက “ရော. .. ဒါလေးကိုင်လိုက်” စေတနာပလပွနဲ. အပေါ်ကတွဲလွဲကျနေတဲ. လက်ဆွဲကွင်းလေးပေးရှာလို. တော်သေးသပေါ. ။
“ကိုင်ထား… ကိုင်ထား” လို. စပယ်ယာလေးတွေ အလကားပြောနေတာ မဟုတ်ဘူးနော် ၊ ဘဲများပြီး ဘားမဆွဲမိလို. ခံခဲ.ရတာ ကိုယ်တွေ.ပဲမို. ဘယ်အချိန်မှာဘယ်လိုဖြစ်ဖြစ် ဘတ်စ်ကားစီးတိုင်း ဆွဲစရာ၊ ကိုင်စရာလေးတစ်ခုကို မိရအောင် ကိုင်ထားဖို.တော. သိပြီးသား။ တခါသေဖူး ပျဉ်ဖိုးနားလည်တယ်။ တညနေ လူခြေတိတ်ခါနီးအချိန် ကြည်.မြင်.တိုင် ကမ်းနားလမ်းမှာ လူလည်းရှင်းပြီဆိုလို. ဒိုင်နာကားလေးကို တက်စီးမိလေသည်။ လမ်းတော်တော်ရှင်းနေပြီမို. ဘတ်စ်ကားလေးက အရှိန်မြင်. မောင်းလာရာ ညလေညင်းလေးခံရင်း အခန်.သား ထိုင်လိုက်ခဲ.လေသည်။ စင်္ကာပူက ဘတ်စ်တွေလို ညင်ညင်သာသာ အရှိန်လျှော.ရပ်မှာ ထင်နေလားမသိ ရုတ်တရက် ဘရိတ်ဆောင်. အုပ်လိုက်တော. မိုးကြိုးပြစ်သလို ခံစားလိုက်ရတာ ခါးရိုးများကျိုးလေပြီလား လန်.ဖြတ်သွားခဲ.ရသည်။ ကားပေါ်မှာ တလိမ်.ဂေါက်ခွေးကျလို.၊ တော်သေးသပေါ. လူသုံးယောက်သာရှိလို. ၊ ကျန်တဲ.လူတွေကတော. စပ်ဖြည်းစပ်ဖြည်းနဲ. မိမိကို ၀ိုင်းကြည်.လေသည် ။ ရုတ်တရက် ရှက်ရှက်နဲ. ဘယ်သူ.ကို အပြစ်ဖို.ရမလည်း ဆိုတာထက် ဘယ်နေရာ ဘယ်အချိန်ခါ ဖြစ်ဖြစ် ဘားဆွဲရန် သတိရဖို. မိမိကိုယ်မိမိ မှတ်မှတ်ရရ ရန်ကုန်ကဘတ်စ် သင်ခန်းစာ ပေးခဲ.ဖူးလေသည် ။
ထိုနေ.တွင်မနက်တွင်လည်း ကိုယ်တိုင်က ညံ.လို.ပဲလားမသိ ၊ မနက်စောစောစီးစီး တခါတည်း
ဘတ်စ်ကားစီးတာနဲ. မျောက်ရုပ်ပေါက်ခဲ.ရတယ်။ ကိုကိုစပါယ်ယာတို.ကတော. မနားပါဘူး
တယောက်တက်ပြီ…၊နှစ်ယောက်တက်ပြီ…၊ သုံးယောက်တက်ပြီ… လက်နဲ. ပုပ်ခါ ပုပ်ခါ ရေတွက်နေတုန်းဘဲ ၊
ခရီးသည်တွေက တက်ပြီးရင် ပြန်ခြံကျရိုးမှ မရှိဘဲကိုး ၊ ဘယ်လောက်ကြပ်ကြပ်
ကုပ်ကပ် ၊ဖိညှပ်ပြီး ပါသွားကြတာကိုး။ အေးလေ သူလည်း ခြင်း ထဲကို
ပြွတ်သိပ်ထည်.တတ်မှ ၊ ကြက်ခြင်းဖိုး သက်သာမှာလေ ၊ ဒီကတော. ကြက်နာကျနေပြီ လေကောင်းလေသန်.မရလို.
ချွေးသီးချွေးပေါက် ၊ မျက်လုံးလေးတွေ ပေကလပ်ပေကလပ်နဲ. ခြင်းကျားထဲက စီပီကြက်ကြီးတွေလို ကားထဲမှာ
ပြွတ်သိပ်ခံနေရတာ ကြက်သားစားလို. များ ၀တ်လည်နေကြတာလား လို.တောင် တွေးမိပါရဲ.။
တော်သေးသည် ဒေါ်အေးကြည်လို.ပြောရမလား မနက်စောစော ရေချိုးပြီးလာကြသမို. သူများချိုင်းကြား ရောက်လည်း ရဲရဲဝံ.၀ံ. တော. အသက်ရှူရဲသေးသည် ။ နေ.တိုင်းရုံးတက် ၊ရုံးဆင်း ဘတ်စ်ကားစီးနေကျ ကျွန်ုပ်ဧ။် ၀န်းကွဲ ညီတယောက်က “အစ်ကိုရယ် ဘတ်စ်ကားပေါ်မှာ ငပိနံ. တထောင်းထောင်းနဲ. ညနေအိမ်အပြန် ငပိရည်ပန်းကန်ကို ကြည်.လို.မရတော.ဘူးတဲ.” စားတော.စားတယ် ဟဲ..ဟဲ ။ သူက အရပ်ပုရှာတာကိုး သူများ ချိုင်းကြားနဲ.ကွက်တိ ။ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေမက ကာဗွန်မိုနောက်ဆိုဒ်တွေပါ ရှူခဲ.ရသူပါ။ ကြမ်းခင်းမလုံလို. ကားစက်က ထွက်တာပြောတာပါ။ ဒီလိုတော.လည်း နေ.စဉ် ရုံးတက်၊ ရုံးဆင်း လုပ်နေရသူများကို ကိုယ်ချင်းစာမိပါရဲ. ။ စိတ်ပူစရာကောင်းတာက သူများရင်ခွင်ထဲ ရောက်နေတဲ. မိန်းခလေးတွေပါ (ကိုယ်နဲ.မဆီမဆိုင်) ၊ “ဟဲ. ဟိုလူကြီး ဟိုဘက်နား တိုး”လို.လဲမဆိုသာ ၊ ဒီလိုပြောရင် ကိုယ်ကပင် ရိုင်းရာကျလိမ်.မည။် အပေါ်တန်းကို မမှီမကမ်းနဲ. ရပ်နေရတဲ.ကြားက ၊ ဇရာထောင်းပြီး ပရိတ်မကောင်း တော.သလို ချိုကျိုး နားရွက်စုတ်နေတဲ. ကားကြီးက ထစ်အထစ်အ၊ အခန်.မသင်.ရင် ကိုယ်ကပင် လည်းကျနိုင်ရဲ. ၊ မိမိကို သူကပင် ရင်ခွင်ထဲမှာ ထည်.ကာ သိမ်းထားပေးသမို. စိတ်ချလက်ချ စီးနေရတာ မဟုတ်ပါလား၊ အမှီသဟဲ ပြုခွင်.ရနေသည် မဟုတ်ပါလားဟု မိန်းခလေးများ သောမနဿ ပွားများရမလိုလို။
ပြောကြတာတော. ဘတ်စကားပေါ်မှာ ယောက်ျားလေးတွေကသာ အသာရနေတာတဲ. ၊ အမှန်တကယ် ယောက်ျားကြီးတွေပါ အောင်.သက်သက်နဲ. ခံရတာတွေလည်းရှိတတ်တဲ. အကြောင်းကို ဟာသအဖြစ်ပြော လိုက်ချင်သေးသည် ။ ထိုအဖြစ်အပျက်က လွန်ခဲ.တဲ.နွေလလည် ရက်တခုမှာ မိတ်ဆွေ တယောက်နဲ. အလာပ သလာပပြောရင်း သူကိုတိုင်ကြုံခဲ.တဲ. သူ.မိတ်ဆွေရဲ. အကြောင်းလေးကို ပြောဖြစ်တယ်။ အဲဒီ အချိန်တုန်းက အမျိုးသ္မီး သီးသန်.ယာဉ်တွေ ပေါ်ကာစဖြစ်သလို ၊ ထိုကဲ.သို. ခံလိုက်ရတဲ. ဒို.အကိုကြီးအတွက် ကိုယ်ချင်းစာစိတ်နဲ. အမျိုးသားသီးသန်.စီး ယာဉ်တွေပါ လိုအပ်ကြောင်း ဆန္ဒပြတောင်းဆိုဖို. စဉ်းစားခဲ.ကြသေးတယ်လေ။ :P
ရန်ကုန်မြိုက ကားသမားတွေ အမြဲတမ်းလိုလို တတ်နိုင်သမျှ ရှောင်ကြဉ်ကြတဲ. မီးပွိုင်.ကတော. လှည်းတန်းမီးပွိုင်.ပါ ။ စိတ်မရှည်တတ်တဲ. လူတွေဆို အသက်မတိုအောင် ဒီလမ်းကို ရှောင်ရှားနိုင်ရင် ပိုကောင်းမည်ထင်။
တသက်တာရဲ. အချိန် ဘယ်လာက်၊ ဘယ်လောက်ကို မီးပွိုင်.မှာ ဖြုန်းပြစ် လိုက်တယ်လို. ကမ္ဘာကျော်အတွေးအခေါ် ပညာရှင်ကြီးများလို ပြောလိုက်ချင်ရဲ.။ လှည်းတန်းပွိုင်.မှာ မိနေတုန်း အချိန်က ၁၄ မိစ်ပြထားတာ သတိထားမိတယ် ၊ စိတ်ရှည် လက်ရှည်နဲ. ကောင်.တောင်း လုပ်နေတာ နောက်ဆုံး တစက္ကန်.ပြီးခါမှ ၁၅ မိနစ် ပြန်ရောက်သွားပြန်ရော အံ.ရော အံ.ရော ။ တချို.လူများဆို ဗိုက်ဆာရင် ဘတ်စ်ကားပေါ်ကဆင်း လမ်းဘေးမှာ မုန်.စားပြီးမှ ဘတ်စ်ကားပေါ် ပြန်တက်သွားလို. ရတယ်ဆိုဘဲ။ ပျော်စရာတော.ကောင်းသား ၊ တခါတလေများဆို ဒရိုင်ဘာ ၊ စပယ်ယာလေးတွေ က တစီးကို တစီးလမ်းအော်ရင်း စကားပြောနေကြတာ၊ တယောက်ကို တယောက် စလိုက်နှောက်လိုက်နဲ. လမ်းမှာ တွေ.ရင် အော်ပြောနုတ်ဆက်သွားကြတာ သူတို.ကိုကြည်.ပြီး အားကျမိပါရဲ. အဲဒီလို လွပ်လပ် စိတ်ချမ်းသာစရာကောင်းတဲ. နိုင်ငံမှာ လူဖြစ်ရတာ ၊ စပါယ်ယာတွေကိုတိုင် ခရီးသယ် ကားပေါ်မရောက်ခင် လက်မောင်းကို ဆွဲပြီးတင် ၊ အနောက်ကနေလည်း တွန်းပို.သေးတာ ရှာလိုက်စမ်းပါ ရှားမှရှား ၊ သဘာဝ အဲယားကွန်းကလည်း ပြတင်းပေါက်တိုင်းမှာ တပ်ထားသေး အသက်ရှည်ဆေး သောက်ဖို.မလို အသက်ရှည်ဖို.ဆိုရင် ဒီလိုကောင်းကွက် လေးတွေကိုလည်း ကြည်.တတ်အုံးမှပေါ.။ ဘတ်စ်ကားခကောက်ရင် အကြွေတွေပြန်မအမ်းတာ စာရွက်ဈေးကြီးလို.ဆိုပြီး အကြွေတွေကိုမှ မထုတ်တော.တာကိုး ၊ ခေါင်းရင်းမှာ ‘ကွမ်းတံထွေး မထွေးရ’ လို.ကပ်ထားပြီး ကွမ်းသွေး တပျစ်ပျစ်ထွေးနေတာ ဒဏ်ငွေငါးထောင်ဆိုတိုင်းလည်း ကောက်မည်.သူမှ မရှိဘဲ ။ ထားလိုက်ပါ ဒါတွေကတော. ရိုးနေပြီ ၊ ဘယ်သူနဲ.ဆိုင်လည်း မေးလိုက်ရင် သူငယ်နပ်စားကစ သိတယ် ။ ဖြစ်ချင်တော. နာရီဝက်နီးနီး ပိတ်မိထားတဲ. မီးပွိုင်.စိမ်းတော. ဘတ်စကားက လှည်းတမ်းလမ်းဆုံကိုကျော်ဖြတ်ပြီး ပြည်လမ်းမကြီးထဲအရောက် စုန်ပေါက်လို.ပြေးပါလေရော ၊ လမ်းကူးရောက်တော. အရှိန်ကတော်တော်မြင်.နေပြီ ၊ ချက်ချင်းဆိုသလို ပရိတ်ကို စုံတက်နင်းတော. ကားပေါ်ကလူတွေ ခမျာ အိုးထဲမှာ ခရုမွှေသလို ကသောင်းကနင်းဖြစ်ကာ တွေ.ရာလှမ်းဆွဲကြလေသည် ။ ဖြစ်ချင်တော. ကျွန်ုပ်သူငယ်ချင်းရဲ. မိတ်ဆွေက သူ.ရှေ.တည်.တည်.မှာ အရပ်ခပ်ပုပု ကောင်မလေး ၊ ကားရုတ်တရက် ပရိတ်အုပ်တော. လဲကျမလိုဖြစ်သွားတာ နဲ. တွေ.ရာ ၊ လက်လမ်းမှီရာ ဆတ်ကနဲ လှမ်းဆွဲလေတော. သူ.ရဲ.ခေါင်းကို လှမ်းဆွဲမိသတဲ. ၊ ကောင်မလေးက လက်ကလေးဖြန်.ကြည်.တော. ဆံပင်တွေက အဆုပ်လိုက် ၊ ပြီးတော. “ ဆောရီး အကိုကြီး .. ကတော. ကတော. နော်တဲ.” သူ.ခမျာ နဖူးပြောင်သူမို. မရှိမဲ.ရှိမယ်. ဆံပင်လေး မွေးထားရတာ တော်တော်လေးလည်း ရှည်နေပါပေါ. ။ အခုတော. ပြောင်နေတဲ.ထိပ် မရိပ်မိအောင် ဖူးဖူးမှုတ်ထားတဲ. ဆံပင်ထိတော. ဆတ်ဆတ်နာတာပေါ .။ ဒါနဲ. ကောင်းတစမ်းစမ်းနဲ. မကျေမချမ်းဖြစ်ကာ စကားတောင် ပြန်မပြောနိုင်ရှာဘူးတဲ.။ သူ.ခမျာ စိတ်တိုလို. ရှူး ရှူးရှဲရှဲနဲ. တခုခု ပြန်လုပ်ရအောင်ကလည်း ဟိုကကောင်းမလေး ၊ ဖက်ပေါ်ဆူးကျကျ ၊ ဆူးပေါ်ဖက်ကျကျ ဆူးကြိုးရသကိုးလို. နားလည်မိတော.တယ် ။ ကဲ အဲလိုကိစ္စလေးတွေကို ဖြေရှင်းပေးဖို. အမျိုးသားတွေ အတွက်ရော အမျိုးသားရေးရာဌာနဆိုတာ ရှိရင် ပိုမကောင်းဘူးလားဟု ထူးထူးဆန်းဆန်း တွေးလိုက်ချင် တော.သည်။
ဘယ်လိုဖြစ်ဖြစ် ရန်ကုန်က ဘတ်စ်ကားတွေရဲ. အကျိုးကျေးဇူးကိုတော.
ကန်းလို.မရ။ အခု ဟိုနိုင်ငံ ကြီးတွေက ဘတ်စ်ကား ကားအစီးရေ ဘယ်လောက် ဘယ်လာက် တင်သွင်းမည်ဟု
ပြောပြော၊ အမှန်တကယ်ပဲ လုပ်လုပ် ၊ ရှိရင်းစွဲ ဘတ်စ်ကားလေးတွေရဲ. စီးလိုအားက ကျဆင်းသွားမည်မဟုတ်
၊ ဆိုလိုတာက စီးပွားရေးပညာရှင် စကားနဲ.ပြောရရင် အခြေခံပြည်သူတွေရဲ. ၀င်ငွေ လေးတိုးလာမှသာ
သာ၍ကောင်းတဲ.ကား ၊ ယာဉ်စီးခပိုပေးရတဲ. ကားကို စီးနိုင်မည်မဟုတ်ပါလား ။ အနိမ်.ဆုံး သာမာန်ယာဉ်
ခရီးတို ခရီးတောင်း ယာဉ်စီးခ ၅၀ ကျပ်ဖြစ်နေသည်.တိုင် မစီးနိုင်သေးသူများ ၊ ဒီထက်သက်သာတဲ.
ယာဉ်ကို ရှာကြံစီးနေရသူများ ရှိနေဆဲပါ။
ရန်ကုန် ၀ိုင်ဂျီအိတ်ဟ် ကိုရောက်သွားတုန်း နေမကောင်းဖြစ်နေတဲ. ကျောင်းသူမလေးရဲ. မိသားစုအကြောင်းကိုပြောရင်း ၊ ထိုကျောင်းသူမလေးဟာ ဘတ်စ်ကားထက် မြို.ပတ်ရထားကိုသာ အားကိုး အားထားပြီး သွားလာနေရတယ် ၊မြို.ပြင်နားထိဆိုတော. ဘတ်စ်ကားဆိုရင်မတတ်နိုင်ဘူး၊ မြို.ပတ်ရထားစောင်းရင်း နောက်ကျချင်လည်းနောက်ကျမယ် အလွန်ဆုံးသက်သာ ငါးဆယ် ၊ တစ်ရာ ဆိုတာကလည်း ၀င်ငွေ မရှိသေးတဲ.သူ ၊ မိခင် ကုန်စိမ်းသည်ကို မှီခိုနေရတဲ. သူ.အတွက် တန်ဖိုးရှိတယ်လေ ၊ မြို.ပတ်ရထားက တခါစီးရင် ဘယ်လောက်ပေးရသလဲ မေးတော. ၂၀ ကျပ်တဲ. ၊ အခုတော. နဲနဲတက်လာတယ်လို. ကြားမိပါတယ်။ ပျံကျဈေးသည် တစ်ယောက်ရဲ. မိသားစု ၀င်ငွေနဲ.ဆိုရင် တခါစီးရင် ၂၀၀ ကျပ် ပေးရတဲ. ဘတ်စ်ကားစီးဖို.တောင် မလွယ်ပါဘူးလို. ဆိုပါတယ် ။ ယာဉ်စီးခ သက်သက်သာသာနဲ. စီးနိုင်တဲ. ယာဉ်တွေကို လောက်လောက်ငှငှ စီးနိုင်ဖို. မတင်သွင်းနိုင်သေးသရွေ. ဘယ်လိုဖြစ်ဖြစ် သွားနေရင်း၊ မောင်းနေရင်း ဘီးတွေ မကျွတ်ထွက်သေးသရွေ. စီးလို.ရနေသေးတဲ. ဘတ်စ်ကားလေးတွေဟာ ဂျပန်ကလာမယ်. ကားတွေထက်တော. အောက်ခြေ လူတန်းစားတွေအတွက် အသုံးဝင်၊ အကျိုးရှိဆဲ ဖြစ်နေဦး မယ်ဆိုတာ ယုံကြည်မိပါသည်။
( အထက်ပါ အကြောင်းအရာများသည် မည်သည်. အဖွဲ.အစည်း ၊ မည်သူ တစ်ဦးတစ်ယောက်ကိုမျှ ထိခိုက်စေလို၍ ရေးသားခြင်း မဟုတ်သလို ၊ မိမိကိုယ်တိုင် တွေ.မြင်ခဲ.သော၊ကြားသိခဲ.သော အရာများကို အပျက်သဘော ဟာသနှော၍ ရေးသားခြင်းမျှသာ။)
No comments:
Post a Comment