Tuesday, November 13, 2012

ဒေါသကင်းဝေး ကျန်းမာရေး


လူ.ဘောင် လောကတွင် လောဘ၊ ဒေါသ၊ မောဟ ဆိုတဲ. ကိလေသာမီးသုံးပါးထဲမှာ အမြဲလိုလို အများဆုံးကြုံတွေ. ဖြစ်ပေါ်လောင် ကျွမ်း ခံနေရတာကတော. ဒေါသ ဆိုတဲ. မီးဖြစ်ပါတယ်။  မိမိပတ်ဝန်းကျင် မှာလည်း ဒေါသထွက်စရာတွေ စိတ်တိုစရာတွေ အမြဲလိုလိုတွေ.ကြုံ နေရတယ်၊ ဒေါသထွက်တာ မကောင်းဘူးလို. နားလည်ပေမယ်. ဒေါသမထွက်မိအောင် ကျင်.ကြံဖို. သိပ်တော.သိပ်မလွယ်ကူ။ ဒေါသစိတ်သည်သာမန်လူတိုင်းလိုလိုဖြစ်ပေါ်တတ်ကြသည်။  ဒေါသအားကြီးတာနှင်.အားသေးတာ နှစ်မျိုးပဲကွာပါလိမ်.မည်။



တရားတော်တွေမှာလည်း လိုချင်တာမရလျှင် ဒေါသစိတ်ဖြစ်မည်ဟုပြညွန်ခဲ.ပါသည်။ တခါတလ ဒေါသသည် သိမ်မွေ.သော ပုံစံနှင်. မိမိဧ။်သဏ္ဌာန်၌ ဖြစ်ပေါ်နေတတ်သော်လည်း  ကြည်.တတ်မှမြင်ရတတ်ဧ။်။ မိမိမသိစိတ်ကို သတိမပြုမိသောအခါ၊ သတိပြုမိသော်လည်း ထိန်းချုပ်ဖို.မကြိုးစားလိုသူများသည် မိမိတို.ဧ။်ခန္ဓာအတွင်း၌ ဒေါသ စိတ်ဆင်ရိုင်း သောင်းကြမ်းမွေနှောက်ခြင်း ခံကြရသည် ။ ကြည်လင်သောစိတ်၊ သောမနဿ စိတ် အစဉ်တစိုက် ဖြစ်ပေါ်နေရန် သတိကြီးစွာထား၍ မိမိဧ။်စိတ်ကို စောင်.ရှောက်ကြရသော်လည်း ဒေါသထွက်စရာအကြောင်းနှင်. တိုက်ဆိုင်ရန် အင်မတန်လွယ်ကူလေသည်။

တနေ.တာဧ။်အစဖြစ်သော မနက်မိုးခင်း အလင်းသောက်တာနဲ. ဒေါသဖြစ်ရာတွေက Good morning လုပ်နေတတ်ကြပါသည်။ အိပ်ရာထပြီး သွားတိုက်၊ မျက်နှာသစ်ဖို. နောက်ဖေးကို ထအသွား ရေကန်ထဲမှာရေ မရှိတော. ရေတင်မည်အပြု မီးကမလာ ၊ လျှပ်စစ်ဆိုင်ရာ တာဝန်ရှိသူများကို သောမနဿ ပွားဖို.တော.မဖြစ်နိုင် ၊ ပြီးတော. အိမ်သားတွေ ဘက်ကို ပြန်လှည်.လာသည် “မနေ.ညကတည်းက မီးလာတုန်း ရေမတင် ထားဘူး ၊ ရေကုန်နေတာတွေ.တယ်ရေ တင်ဖို.မည်သူမျှ စိတ်ကူးမရှိ” ဒီလိုနဲ. ဖြစ်သလို မျက်နှာသစ်သွားတိုက်ပြီး  မနက်စာစားဖို. ၊ ၀ယ်ဖို.ခြမ်းဖို. ဈေးဘက်ကို လှည်.ထွက်အလာ လမ်းဘေးတွင် ဈေးသည် ဈေးဝယ်များ နိစ္စဓူဝ လုပ်ငန်းများနဲ. လမ်းသွားလမ်းလာများ ၊ ဆိုက္ကားများ စည်ကားနေသည်.အလျောက်  ၊ ကားကြီးကားငယ် အသွယ်သွယ်ကလည်း ထိုလမ်းပေါ်တွင် သူ.ထက်ကိုယ်သာ တိုးဝှေ.မောင်းနှင်နေကြသည်။ လမ်းဘေးတွင် ကန်.လန်. ရပ်ထားသော ကားများနှင်. လမ်းပေါ်တွင် ပွက်ထအောင် ရေများဖြန်းပက်ထားသောရေကွက်များ၊ ချိုင်.ခွက်များ ၊ ကွမ်းရာခုံများ၊ ဈေးခုံများကို ကျော်ခွရင်း ၊ သိုင်းကွက်နင်းရင်း လမ်းကြားနားအရောက်  ကိုကိုဆိုက်ကားဆရာက “၀ှီး” ကနဲ မိမိရှေ.ကိုကပ်လျက် ဖြတ်ပြီးကွေ.ချလာသည်။ သူငယ်ချင်းတယောက် ပြောတာကိုပင် ပြန်သတိရမိသေး ၊ ရန်ကုန်မြို.မှာ ကားတိုက်၍ မသေ၊ ဆိုက္ကားတိုက်၍ သေမည်တဲ. ။  ဒီလိုနဲ.မပြီးသေး အမှုမဲ. ၊အမှတ်မဲ.“ပျက်”ဆိုပြီး ကွမ်းသွေးကို
ထွေးချပြန်ရာ ခြေမရုတ်သေးခင် ခြေဖမိုး ပေါ်ကွက်တိကျ လေရာ ဒေါသများ ငယ်ထိပ်ရောက်လာသည်။  လမ်းဘေး လက်ဘက်ရည်ဆိုင်ကဖွင်.ထားသော မာမာအေးရဲ. “မင်္ဂလာနံနက်ခင်း” သီချင်းသံလေးကိုပင် သွားပိတ်ပြစ်ချင်လောက်အောင် ဖြစ်လာသည်။သို.သော်လည်း မိမိစိတ်ကိုထိန်းချုပ်ရင်း နိစ္စဓူဝ မိမိဧ။်တ၀မ်းဝ၊ တခါးလှဖို. ကြိုးစားရုန်းကန်နေကြသူများသာ၊ သနားဂရုဏာချိန်ခွင်လျှာဘက်သို. သတိကိုပြန်ပို.ရင်း အားလုံးကိုလည်း သတိလေးတော.ထားစေချင်မိပါသည်။ စည်းကမ်းဘောင်လေးတော. ထားစေချင်ကြပါသည်။ ရုပ်လောကတိုးတက်ဖို.ရန်အတွက် စိတ်ဓါတ်စည်းကမ်းသည် အခြေခံအုတ်မြစ်ဖြစ်သည်။ လောလောဆယ်တော.  စင်္ကာပူနှင်. တူအောင်လုပ်မည်တဲ. ၊ စင်္ကာပူနှင်.ယဉ်ပါးခဲ.ရသော မိမိအဖို. စိတ်နှင်.ပင် မကြံရဲသေး။
မျှော်လင်. တောင်.တ နေသူများလည်း တင်းတိမ်ရောင်.ရဲမှုနဲ. မိမိစိတ်ကို မထိမ်းနိုင်လျှင် လိုချင်တာ မရသရွေ. ဒေါသတွေ.ကြဦးမည်သာ။

ဤသို.နိစ္စဓူဝ လုပ်ငန်း လုပ်ဆောင်ရင်းနဲ.ပင် စိတ်တိုစရာ၊ ဒေါသထွက်စရာ များမြောင် လှတဲ. အချိန်တွေရှိတတ်ကြသည် ။ ကိုယ်ပိုင် လုပ်ငန်းကြီးကြီးကျယ်ကျယ် လုပ်ကိုင်နေကြသော သူများအဖို. မိမိထင်သလို၊ ကြံဆထားသလို၊ မိမိဖြစ်ချင်သလို  ဖြစ်မလာသောအခါဝယ် ဆူံရှုံးမှု ၊ထိခိုက်မှုများအကြား ဒေါသဆိုသော စိတ်ဆင်ရိုင်းဝင်မလာစေရန် သာမန်လူသား တယောက်အနေနှင်. ထိမ်းချုပ်နိုင်စွမ်း မဲ.တတ်ကြသည်။ လုပ်ဖော်ကိုင်ဖက်အားလည်းကောင်း ၊ ငယ်သားများအား လည်းကောင်း ခက်ထန်သော၊ ကြမ်းတမ်းသောစကားများ၊ အခန်.မသင်.လျှင် ကိုယ်ထိလက်ရောက်ပင်ဖြစ်နိုင်လေသည်။

ထိုဒေါသ စိတ်ဆင်ရိုင်း အနိုင်ယူလွမ်းမိုးသောအခါ အသိပညာ မျက်စိများ လိုအပ်သလို မြင်နိုင်စွမ်းမရိတော.ဘဲ ၊ မိမိပြုမိသော အပြုအမူများကြောင်. ၊  လူမှုရေး ၊ စီးပွားရေး  ပဋ္ဋိပက္ခနယ်ပယ်သို. ရောက်ရှိသွားတတ်ကြတာ ဒုနဲ.တေး ။ ထိုသို.သော ပဋ္ဋိုပက္ခ အသေးစားလေးမှ အခြေခံ၍ လူမှုအဖွဲ. အစည်းကြီးကို လွမ်းခြုံထားသော နိုင်ငံရေး၊ ဘာသာရေး၊ လူမျိုးရေး ၊ စာပေ၊ အနုပညာ ကိစ္စရပ်များသို.တိုင်. အာဃာတ တရားများ လွမ်းမိုးသွားတတ်ကြသည် ။

ဒေါသလို.ဆိုရာမှာ “စိတ်တိုတယ်“ ပြောရုံနဲ.၊ Mild level အဆင်.လောက်ကို ဒေါသထွက်တယ်လို.တော. သတ်မှတ်လို. သိပ်မဆီလျော်၊ အမှန်တကယ် ဒေါသထွက်တယ် တယ်ဆိုတာ aggressive ဘက်ကိုဦးတည်သွားပြီး ခန္ဓာကိုယ်ထဲမှာ အပြောင်းအလဲတွေ ဖြစ်ပေါ်မယ် အပူချိန်မြင်.လာမယ်၊ သွေးခုန်နှုန်းမြန်လာမယ်။ ခြေလက်နှုတ်ခမ်းတွေ တုန်ရီလာမယ် ဆေးပညာအရ တချို. ဟော်မှုန်းတွေလဲ ပြောင်းလဲသွားတယ်လို. ဆိုကြတယ်။ စိတ်တိုနေတဲ.သူအပေါ်ကိုယ်ဖြင် .  .သော်လည်းကောင်း နှုတ်ဖြင်.သော်လည်းကောင်း physically  ပြန်ပြီး တုန်.ပြန်တတ်ကြတယ်။ တခါတလေ အကြောင်းအရာ တခုခုကြောင်. စိတ်တိုနေရင် အနီးအနားမှာ (သို.) လက်ထဲမှာ ရှိနေတဲ. ပစ္စည်းတွေကို တန်းဖိုးကြီးသည် နည်းသည် သတိမထား နိုင်တော.ပဲ ပေါက်ခွဲ ဖျက်ဆီး ပြစ်တတ်တယ်။ ဒေါသထွက်တာ ဟာဆုတ်ယုတ်ခြင်း ပျက်စီးခြင်းဘက်ကိုဘဲဦးတည်ပါတယ် ။

လူအများစုကတော. ရုပ်ပိုင်းဆိုင်ရာပြောင်းလဲသွားမှပဲ ရောဂါဝေဒနာလို. ထင်ကြပေမယ်. ဒေါသထွက်လွန်ပြီး စိတ်ပိုင်းဆိုင်ရာ သိသိသာသာ ပြောင်းလည်း သွားခြင်းကိုလည်း ရောဂါဝေဒနာလို. စိတ်ကျန်းမာရေးဌာနက သတ်မှတ်ထားပါတယ်။ ပုံမှန်ထက် ပိုပြီး စိတ်တိုဒေါသထွက်နေတတ်တဲ.သူဟာ ကြာလာရင် ရုပ်ပိုင်းပါ ထိခိုက်နိုင်ပါတယ် ။ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲသွားမှုပေါ် အခြေခံပြီး ဒေါသ ထွက်တာကို အဆင်.ဆင်. သတ်မှတ်နိုင်ပါတယ်။

စိတ်တိုတာဟာ တခုခုကို မကြိုက်လို. တယောက်ယောက်ကြောင်. စိတ်ထဲကထိကအောက် ဖြစ်သွားတာကလောက်လွဲလို. သိပ်အဆိုးအ၀ါးကြီးမဟုတ်သလို သိပ်လည်းမသိသာပါဘူး စကားမပြောပဲနေတာလောက် ၊ မျက်နှာလွဲနေတာလောက်ပဲ ဖြစ်ချင်ဖြစ်ပါလိမ်.မယ်။ ဒါပေမယ်.သူကလည်း လောင်စာ ဖြစ်စေတတ်ပါတယ။ စိတ်ထဲမှာမျက်ရှထားတဲ.အရာဟာ အကြောင်းတခုခု တိုက်ဆိုင်တဲ.အခါ ၀ုန်းကနဲထတောက်လာတတ်တယ် ။ ဒါကြောင်. စိတ်တိုတာကိုလဲ သတိထား သင်.ပါတယ် ။

ကြီးသည်ဖြစ်စေ ငယ်သည်ဖြစ်စေ လူတိုင်းက ဒေါသထွက်တတ်ကြတယ် ။ မွေးကင်စ ကတည်းက ဒေါသထွက် တတ်ကြပါတယ် ၊ နို.စို.အရွယ်ခလေးတယောက်ဟာ ပိုက်ဆာလို.ဖြစ်ဖြစ် သူ.ကို ထိခိုက်နာကျင်အောင်ဖြစ်ဖြစ် လုပ်မိတဲ.အခါ စိတ်တိုမယ် ဒေါသထွက်မယ် ဒီလိုဒေါသထွက်တဲ.အချိန်မှာ ငိုခြင်းနဲ.ပဲတုန်.ပြန်မယ်။ ပိုပြီးဒေါသထွက်အောင်လုပ်မယ်ဆိုရင် ပိုပြီးငိုမယ်။

လူမှုပတ်ဝန်းကျင်မှာ အများဆုံးဖြစ်နေတဲ. ပြသနာတွေမှာ မနာလိုစိတ် (Jealous ) အပြင် ဒေါသစိတ်ကြောင်. လို.လည်း မြင်ပါတယ် ။ ကိုယ်.ထက် ရာထူးအဆင်.အတန်း ကြီးတဲ.လူက ကိုယ်.ကို အနိုင်ကျင်.လာတယ် ကိုယ်.ဂုဏ်သိက္ခာကို လာထိခိုက်လာမယ်ဆိုရင်ဒေါသထွက်မယ် ၊ ကိုယ်.ထက်ရာထူးငယ်တဲ.လူက ကိုယ.်ကိုလာကျော်ရင် ဒေါသထွက်မယ်၊ ရားထူး၊ ပညာ၊ ဓန စတဲ.မာနဂုဏ်ရှိန်တွေကြောင်.လည်း  အပြိုင်အဆိုင် ပြုကြရင်း ကြားထဲကဒေါသထွက်ပေါ်လာပါတယ်။ ကိုယ်.ပစ္စည်းကို ထိခိုက်ပျက်စီးအောင်လုပ်ရင် ၊ မပေးပဲယူသွားရင် ၊ ကိုယ်.ချစ်တဲ.သူကိုလည်း သူတပါးကလာထိခိုက်ရင်ဒေါသထွက်မယ်၊ တခါတလေ အထင်လွဲပြီး ဘေးစကားတွေကြားယောင်မိပြီး တော.လည်း စိတ်တိုရတယ် ဒေါသထွက်ရတယ်။ စသဖြင်.စသဖြင်. အကြောင်းအရာတွေထဲမှာ စိတ်တိုစရာ ဒေါသထွက်စရာအကြောင်းအရာတွေက အများဆုံးလို.တောင် ဆိုချင်ပါတော.တယ်။

ဒေါသထွက်လာရင် တခါတလေ ဘာမှမမြင်တော.ဘူး ဒေါသအားကြီးလွန်းနေရင် မျက်လုံးတွေပြာသွားမယ် ကိုယ်လက်တွေတုန်ရီတဲ.အထိဖြစ်တတ်ကြတယ် ၊ကြီးမားတဲ. ရာဇ၀တ်မှုတွေတောင် လုပ်တတ်ကြတာ ကြားဖူးကြမှာပါ။ ဒါကြောင်. ရှေးလူကြီးတွေက ဒေါသကို ဆင်ရိုင်းနဲ.ခိုင်းနှိုင်းကြတယ်။ ပရမ်းပတာ ဖြစ်တတ်တယ်၊ ဘယ်အရာကောင်းတယ် ဆိုးတယ် ဆိုတာ ခွဲခြားနိုင်စွမ်း မရှိတော.ပါဘူး။ အမှားတွေ လုပ်တတ်တယ်၊ တန်ဖိုးရှိတဲ.အရာတွေဆုံးရှုံးရတတ်တယ်။  ဒေါသထွက်တဲ.အခါ အတွေးကောင်း အကြံကောင်းတွေ နဲ.လွဲပြီး၊ အချိန်လွန်တဲ. အခါ၊  စိတ်ကြည်လင်သွားတဲ.အခါမှ သေချာပြန်တွေးကြည်.တော. ဆုံးရှုံးသွားတဲ. အရာတွေ အတွက် နှမြောမှုတွေနောင်တတွေလည်း ပြန်ရနေတတ်ကြတယ်။ဒေါသထွက်ပြီးတဲ.နောက် လူကတော်တော် နှုန်းသွားပြီး အားအင် မရှိတော.သလို ခံစားရတတ်တယ်၊ အားယုတ်သွားတာကို သတိထားမိကြမှာပါ။  အလုပ်လဲ
ကောင်းကောင်းမလုပ်ချင်တော.ဘူး ၊ စိတ်ပိုင်းအနေနဲ. Depression ၀င်သွားသလို ခံစားရတယ် ။ ဒေါသထွက်ပြီးတဲ.နောက်မှာ စိတ်ကတက်ကြွလန်းဆန်းနေတယ် ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ Energy ကို Mental နည်းနဲ.အသုံးပြုလိုက်တယ် ။ အမှန်တကယ်တမ်းတွေးကြည်.မယ် ဆိုရင် ဒေါသဆိုတဲ.စိတ်အခြေအနေဟာ ခန္ဓာကိုယ်အတွက်ရော စိတ်ကျန်းမာရေးအတွက်ပါ တခုမှကောင်းကျိုး မပေးပါဘူး။ လူမှုရေး၊ စီးပွားရေးနယ်ပယ်ကိုလည်း ထိခိုက်နိုင်တယ် ။  သို.ဖြစ်၍ ဒေါသ (ဒေါမနဿ) တရားနဲ.ပါတ်သက်ပြီး ဒေါသမထွက်အောင် နည်းလမ်းတွေ သုံးသပ်မိရာတွင်….

           ဒေါသကို ဘယ်လိုထိန်းချုပ်မလဲ ၊ ဒေါသမထွက်အောင်ဘယ်လိုနေမလဲ ၊ တချို.နိုင်ငံကြီးတွေမှာဆိုရင် ဒေါသအရမ်းကြီးတတ်တဲ.လူတွေ ၊ ကိုယ်.ကိုယ်ကို ဒေါသထိန်းချုပ်နည်း လိုနေပြီလို. ထင်တဲ.လူတွေရော Managing of anger course ကိုတက်ကြပါတယ်။ Course ထဲမှာ ဒေါသထွက်တဲ.အချိန်မှာ စိတ်ရဲ.Direction တွေပြောင်းလဲပြစ်ဖို. ဥပမာ-တခြားအကြောင်းအရာတွေကို ချက်ချင်းပြောင်းလဲ စဉ်းစားတာ၊ ပါးစပ်ကနေ ၁ ၊ ၂၊ ၃၊ ၄၊ ၅၊ ၆……… နံပါတ်စဉ်တွေကို အသံထွက်ပြီးရွတ်ဆိုတာ စတဲ. Diversion နည်းတွေအပြင်  ၊ အတတ်နိုင်ဆုံး စိတ်ကို  Relax လုပ်ဖို. ဥပမာ- အသက်ပြင်းပြင်းရှူသွင်း ရှူထုတ်လုပ်ခိုင်းတာတို. ၊ Causes ကို ရှောင်ရှားဖို. သင်ခန်းစာ ပေးကြတယ် ။

             မိမိတို.နိုင်ငံသည် ဗုဒ္ဓဘာသာနိုင်ငံဖြစ်သည်.အလျောက် ရှည်ရှည်ဝေးဝေး တွေးနေစရာမလို ဟု ထင်ပါသည်။ အထက်တွင်ဖော်ပြခဲ. သော diversion နည်းအစား သမထ နှင်. ၀ိပဿနာ အားထုတ်ခြင်းဖြင်. ဒေါသကင်းဝေးနှလုံးအေးစေနိုင်ပါသည်။ မိမိဧ။် ၀င်လေ၊ထွက်လေကိုမှတ်ရသော အာနာပါန (သမထ)သည် စိတ်ကိုတည်ငြိမ်စေပြီး သမာဓိအားကောင်းစေနိုင်ပါသည် ၊ စိတ္တာနုပတ္တနာ မဆိုထားနှင်. ၀င်လေထွက်လေ တခုတည်း မှတ်ခြင်းဖြင်. ကြည်လင်လာသော စိတ်သည်ပင် မိမိဧ။်စိတ်သဏ္ဌာန်မှာ ပေါ်လာသော အတွေး ၊ အကြံ အနေအထားကို မြင်တတ်လေရာ ဒေါသဖြစ်စရာကြုံ သောအခါ၌လည်း မိမိလုပ်လက်စ အလုပ်ကို ခဏဖြစ်ဖြစ်ရပ်၍ မိမိစိတ်ကို ပြန်၍ စောင်.ကြည်.ရုံမျှဖြင်. ဒေါသစိတ်ဆင်ရိုင်းကို အဝေးသို.မောင်းထုတ် နှောင်တုပ်နိုင်ကြလေသည်။

စိတ်ဆင်ရိုင်းသည် မိမိတည်ငြိမ်နေသော နှလုံးအိမ်တွင်းသို. စိတ်တံခါးဝမှတဆင်. ၀င်ရောက်၍  ကြည်လင်နေသောရေကို နှောက်ကျိအောင်လုပ်ဘိသကဲ.သို. တည်ငြိမ်နေသော မိမိနှလုံးသွေးများကို လှိုင်းထလှုပ်ခတ်စေတတ်သည် ။ ကမောက်ကမဖြစ်စေတတ်သည်  ၊ သို.ဖြစ်၍ ထိုစိတ်ဆင်ရိုင်း ၀င်မလာနိုင်စေရန် မိမိဧ။် စိတ်တံခါးဝ၌ သမာဓိ ဆိုသော တည်ကြည်ခြင်းကို တခါးစောင်.အဖြစ် ချထားသောအခါ  မိမိဧ။်စိတ်တံခါးဝသို. ချဉ်းကပ်လာသည်. စိတ်ဆင်ရိုင်း (ဒေါသ) အား ၀င်မလာနိုင်စေရန် တည်ကြည်သောစိတ်က စောင်.ရှောက်လေသည် ။

ဒေါသထွက်စရာ အကြောင်း အရင်းတွေနဲ.တိုက်ဆိုင်လို. ဒေါသဆိုတဲ. အကောင်ဟာ ကိုယ်.စိတ်တခါးဝရှေ.ကို ရောက်နေပြီ၊  စိတ်ခန္ဓာ ဆိုတဲ.ခြံကြီးထဲကိုဝင်ပြီး သောင်းကျန်းဖို. အသင်.စောင်.နေပါရက်နဲ. ကိုယ်ကခွင်.မပြုဘူးဆိုရင်တော. ဘယ်မှာဒေါသ ဖြစ်ခွင်.ရမည်နည်း။  ဆိုလိုတာက ဒေါသဆိုတဲ.စိတ်ကလေးကို ကိုယ်.ရဲ.ကြည်လင်နေတဲ. အေးချမ်းနေတဲ.သမာဓိ စိတ်ကလေးနဲ. စောင်.ကြည်.နေရုံပဲ ။ ပြောသလောက်တော.မလွယ်ဘူးနော် သမာဓိရှိမှ ကိုယ်.ကိုယ်ကို သမာဓိ ဘယ်လောက်ရှိတယ် ဆိုတာကလည်း ကိုယ်.ရဲ.စိတ်ကို စောင်.ကြည်.တဲ.နည်းနဲ. တိုင်းတာနိုင်ပါတယ် ။ သမာဓိရှိဖို.ဆိုရင်လည်း အလေ.အထလေး ဖြစ်အောင်ကြိုးစားဖို.ပါဘဲ။ အစမှာ အခက်အခဲရှိပါလိမ်.မယ် ဘာကြောင်.လဲဆိုတော. လူ.တွေရဲ. စိတ်ဟာ တဖြပ်ဖြပ်ပြောင်းလဲနေလို.ဘဲဖြစ်တယ်။ ဘယ်အခြေအနေ ဘယ်နေရာမှာပဲတည်မြဲနေတာမဟုတ်ဘူး ။ စိတ်ရဲ.ပြောင်းလဲပုံကသိပ်မြန်တော. လိုက်မှတ် ရတာ တခါတလေ ပျင်းတဲ.စိတ်တွေ ၀င်လာမယ် ၊ ဒီလိုအခြေအနေမတွင် သတိထား ရမည်။ ခြံစောင်.ငိုက်နေတုန်း ခြံတွင်းသို. နွားများအလွယ်တကူ ၀င်လာနိုင်သကဲ.သို.  တည်ကြည်သောစိတ် လွတ်ကင်းနေချိန်တွင်လည်း ဒေါသစိတ်ဆင်ရိုင်း ၀င်စိုင်းတတ်လေသည်။

အဓိကတော. ဒေါသထွက်စရာအချိန်နဲ. ကြုံတွေ.တဲ. အခါမှာ ကိုယ်.စိတ်အခြေအနေ ကို သိဖို.လိုပါတယ်။ သောမနဿ ပွားတတ်အောင် လေ.ကျင်.ရပါမယ်။  သတိနဲ.ဆင်ခြင် နိုင်တဲ.အလေ.အထရှိဖို. လိုသလို အချိန်မီဖို.လည်းလိုတယ်။ အချိန်အခါကမစောင်.ဘူး ဒေါသမလာခင် စိတ်ကို အရင်ပြင်ပြီးသားဖြစ်ရမယ်။ နာဂစ်မ၀င်ခင် ကြိုတင်ပြင်ဆင်ရသလိုပဲ စိတ်ထဲကို ဒေါသမ၀င်နိုင်အောင် သမာဓိ၊ သတိ ဆိုသော ဥာဏ်တို.ဖြင်. ကာရံထားဖို.လိုအပ်လှပေသည်။

ဒေါသကင်းဝေးနှလုံးအေးကြပါစေ…..။
သျှမ်းထွန်း

မမြင်နိုင်သော အခိုက်အတန်.





















"ဒီပုံလေးမှာ ရထားအလာကို စောင်.မျှော်ရင်း ဘူတာရုံထဲက 
ထိုင်ခုံလေးပေါ်မှာ သေဆုံးနေရှာတဲ. လူကြီးတယောက်ပါ …
ဘေးနားမှာတော. သူ.အတွက် ကောင်းရာမွန်ရာ ဆုတောင်းပေးနေရှာတဲ.
ဘုန်းကြီးတစ်ပါးပေါ. …. ”

လူသားအားလုံးဟာ ခရီသွား ဧည်.သည်တွေပါ …
ကိုယ်.ဘ၀ခရီးကို လျှောက်လှမ်းရင်း ဘယ်အချိန်ခါ ၊
ဘယ်နေရာမျိုးမှာ ဘယ်လို အသက်ထွက်မယ်ဆိုတာကို
ဘယ်သူမှ မမျှော်လင်.ခဲ.သလို ဘယ်သူမှ မသိနိုင်
မသတ်မှတ်နိုင်ဘူးဆိုတာ ဖော်ပြနေတာပါ .......။

“ငှက်ဆိုတာ ပျံရင်းသေ၊ လူဆိုတာကြံရင်းသေ” လို.ဆိုကြတယ်လေ။

သွားရင်းလာရင်း ၊ ရှာရင်းဖွေရင်း၊ လုပ်ရင်းကိုင်ရင်း၊ တိုက်ရင်းခိုက်ရင်း၊
ပြောရင်းဆိုရင်း ဒီလို အသက်ထွက်ခဲ.တဲ. သူတွေလည်းရှိကြပါတယ် …
ဒါပေမယ်. လူ.ဘ၀မှာ သူပိုင်ဆိုင်ခဲ.သမျှ အရာတွေကိုတော.
ယူမသွားနိုင်တာ သတိရစရာပါ …..

အသက်ရှင်သမျှ ကာလပတ်လုံး လောဘ အမိုက်တွေ
ဖုံးလွမ်းပြီး သူရှာထားခဲ.သမျှ အရာတွေ တစ်ခုမျှ ယူမသွားနိုင်ရှာဘူး
ဒေါသမီး တောက်တွေနဲ. တဟုန်းဟုန်းတောက်ခဲ.လေသမျှ
အခုတော. အေးစက်စက် ခန္ဓာကိုယ်က ငြိမ်သက်လို.ပါဘဲ
မာန်မာန တရားတွေနဲ. ထောင်လွှားခဲ. လေသမျှ
အခုတော. တိတ်ဆိတ်နေတဲ. ခန္ဓာကိုယ်က ငိုက်စိုက်ကျလို.နေတာ
သတိသံဝေဂ ရစရာပါ .. နောက်ဆုံး သူ.ခန္ဓာကိုပင် ထားခဲ.ရတယ်လေ …

အဲဒီတော. ဘယ်အရာကိုမှ ယူမသွားနိုင် သယ်မသွားနိုင်တာချင်းအတူတူ
မမြင်နိုင်တဲ. ခရီးအဆုံးကို လျှောက်လှမ်းရင်း လွန်ကျူးတဲ.လောဘတရားတွေ၊
တောက်လောင်တဲ.ဒေါသတရားတွေ ၊ မလိုအပ်တဲ. မာန်မာန တရားတွေကို
ဘေးဖယ်ပြီး တင်.တင်.မျှတစွာ ကြံဆောင်ရင်း ဖြူစင်တဲ. စိတ်ထားလေးတွေနဲ
ကိုယ်.ဘ၀လမ်းကို လျှောက်လှမ်း ခဲ. ကြမယ်ဆိုရင်တော. အကောင်းဆုံးပေါ ….။

သျှမ်းထွန်း

လွမ်းစရာအကြောင်းလေးတွေ


 စင်္ကာပူဆိုတာ တိုးတက်တယ် ဆိုပေမယ်. ကျွန်တော်တို. မြန်မာလူမျိုးတွေအတွက် တော. လိုအပ်ချက်လေးတွေရှိကြစမြဲ၊ မြန်မာပြည်နဲ.ကွာဟချက်လေးတွေက မြန်မာပြည်ကို ပိုပြီးသတိရစေတဲ. အကြောင်းအရာတခုဖြစ်လာသည်။
               မိခင်မြေမှ မွေးဖွားလာတဲ. မြန်မာလူမျိုးတိုင်း မြန်မာအစားအသောက် ကို ဘယ်နေရာရောက်ရောက် သတိရတတ်ကြသည်။ တမ်းတမိကြသည်။ ထမင်းဟင်းစားတိုင်းလည်း ငါးပိရည်ချို ၊ တို.စရာ၊  ငရုပ်သီးထောင်း ၊ ငါးခြောက်သုပ် ၊ ငံပြာရည်ကြော် အချဉ်၊ အစပ်၊ အငန် အရသာလေးလည်းပါဦးမှ အလေးအပင်၊ အချဉ်အငံ အရသာကို ပို၍ခုံမင်နှစ်သက်တတ်ကြသည်၊ ငါးပိရည်ကျိုလေးပါရင်တော. ပိုပြီး ခံတွင်းတွေ. အစားမြိန်စေပါတယ်။ နောက်ဆုံးအဲဒါတွေမရှိတော. ပင်နီဇူးလားပလာဇာမှာ ငပိရည်ကြိုအခဲတွေ ၊ ငပိထောင်းဗူးတွေ ၊ ချင်ပေါင်ကြော်၊ ပဲပုပ်ကြော်တွေကို ဈေးကြီးကြီး ပေးပြီးဝယ်စားနေရတာပါ။ မြန်မာ.လက်ရာ ၊ မြန်မာ.အစားအစာ လေးလည်းစားရဦးမှ လူဖြစ်ရကြိုးနပ်မှာပေါ. ဆိုသလို စားရတဲ.အခါ ကျေနပ်မှုတော. ရကြစမြဲပင်။


                 သတိရပါသေးသည် မိမိနှင်.အတူတူအလုပ်လုပ်သော မိတ်ဆွေတယောက်က ကုမဏ္မီက ကျွေးသော အစားအသောက်များ ဟင်းသီးဟင်းရွက်၊ အသားငါး အမျိုးစုံအောင် ကျွေးပါသည် ။ သို.သော်လည်း  ခံတွင်းမတွေ.သဖြင်. ပင်နီဇူးလားပလာဇာမှ ငရုပ်သီးမှုံ.တို.ဖြင်. အသင်. ရောစပ်ထားပြီးသား ရေချိုငပိ အမှုံ. ကိုဝယ်ယူပြီး ရေနွေးလေးဖြင်.စပ်ကာ ငပိရည်လေးဖျော်သည်။  စားပင်မစားရသေးသော်လည်း ၊ ငပိရည်ကျို အနံ.လေးက ဆွဲဆောင်မှုရှိလှသည်။ ညနေစာစားတော. Kitchen ကကျွေးသော အစားအသောက်မှာ ဈေးကြီးပေးဝယ်ရသော အရေခွံပါချွတ်ပြီးသား ငါးအသားဖတ်များကို Black sauce ဖြင်.ပေါင်းထားပြီး  အပေါ်မှာ ဂျင်းနဲ. နံနံပင်လေးပါ အုပ်ထားသေးသည် ။ထို.ပြင်  Sausage  နဲ. Soya been soup စတဲ. ဟင်းအရံတွေ လည်းပါသေးသည်။ ဟင်းရွက်ကတော. ထိုင်ဝမ် မုံညင်းဖြူအသေးမျိုးကို အပင်လိုက် ကြော်ထားသည်ဆိုသော်လည်း  ဆီအင်မတန်နည်းပြီး ကော်ရည်ဖြင်.ဆမ်းထားသည်။ ထိုဟင်းများကိုမည်သူမျှ စိတ်မ၀င်စား ၊ ကျွန်တော်.မိတ်ဆွေရဲ. ငပိရည်ကျိုလေး ပင်နီဇူးလားပလာဇာမှ ၀ယ်လာသော ရှောက်ရွက်၊ မြင်းခွာရွက် ၊ သခွားသီး၊ ပဲသီးစသဖြင်. အစပ်အဟပ်တည်.သော အတို.အမြုပ်တပွဲဖြင်.သာ သူတဇွန်းကိုယ်တတို.နဲ. ညနေစာကို မျက်နှာပန်းလှစေခဲ.သည်။ အဲသလို စားရတိုင်း မြန်မာပြည်က အစားအသောက်တွေ လွမ်းမိရပါသည်။ 
               မြန်မာလူမျိုးတို.သည် လေးလေးပင်ပင်စားတတ်ကြသည်။ စင်္ကပူးရီးယန်းများစား သောက်ကြသော အဆီပေါ. ၊ အငံပေါ. အရသာများကိုလည်းသိပ်ပြီး မနှစ်သက်ကြ သော်လည်း ကိုယ်တိုင်ချက်ပြုတ် စားသောက်ဖို. အချိန်မရှိဖြစ်ဖြစ် ၊ ချက်ပြုတ်စားသောက်ခွင်.မပြုထားသော အိမ်တွင် ငှားနေရ၍ဖြစ်ဖြစ် ဆိုင်မှာဝယ်စားကြရသည် ။ အစားအသောက်ပါကျွေးသော ကုမ္မဏီတွေကလည်းရှိသည်။ သို.ဖြစ်၍ အလုပ်ဆက်တိုက် ဆင်းနေသော ရသတ္တများတွင် မြန်မာအစားအသောက်နှင်. ဝေးနေကြရသည်။ မနှစ်သက်သော်လည်း ၀မ်းဝမှ အလုပ်လုပ်နိုင်မှာမို. ဗိုက်ပြည်.အောင်တော.စားရသည်။    မိမိအားလပ်ရက်ရောက်မှ မြန်မာအစားအသောက်များ မိတ်ဆွေများကို အချိန်ချက်လုပ်ပြီး ပင်နီဇူးလားပလာဇာတွင် မြန်မာအထိအတွေ.ကိုခံစားရင် မြန်မာအရသာ အစားအသောက်များဖြစ်သော  မုန်.ဟင်းခါး၊ ၇ခိုင်မုန်.တီ၊ လက်ဖက်သုပ် ၊ဂျင်းသုပ် ၊ နန်းကြီးသုပ် ၊ ရှမ်းခေါက်ဆွဲ ၊  မြန်မာထမင်းဟင်းတို.ကို တကူးတက သွား၍စားသောက်ကြသည်။ မြန်မာ.အရသာရေနွေးကြမ်းလေးသောက်ချင်လို. မှာတော. ရေနွေးကြမ်းတအိုး တစ်ဒေါ်လာပေးရသည်။ မြန်မာပြည်၌ လက်ဘက်ရည်ကြမ်း  (ရေနွေးကြမ်း) ကိုလက်ဖက်ရည်ဆိုင်တိုင်း၊  မြန်မာထမင်းဆိုင်တိုင်း အလကား သောက်နိုင်သော်လည်း  စလုံးမှာ ရေနွေးကြမ်းလေးတခွက်သည်ပင် ဈေးကွက်ဝင်လေတော. မြန်မာပြည်ကို မလွမ်းဘဲ ဘယ်သို.နေနိုင်မည်နည်း။  မြန်မာပြည်မှ နေ.စဉ် လေယာဉ်ဖြင်.တင်ပို.လာသော ချဉ်ပေါင်ရွက်၊ ဗူးရွက်၊ ရှမ်းမုံညင်းဖူး၊ မြစ်ချဉ်၊ မြစ်ရည်စိမ်၊ ဓညင်းသီး ၊ သရက်သိးစိမ်း စတဲ.ဟင်းသီးဟင်းရွက်များအပြင် ၊ ဆတ်သားခြောက်၊ ငါးခြောက်အမျိုးမျိုး၊  အာပြဲခြောက်ကြော် ၊ ပဲပုပ်သက်သတ်လွတ်ကြော် ၊ ငပိထောင်းဘူး ၊ ငံပြာရည်ကြော်၊ စသည်တို.လည်း ဈေးကွက်ဝင်သော ရှားပါးအစားအသောက်များ ဖြစ်လေသည်။ 

  Fair Price (NTUC) , Gold Storage  စတဲ. Shopping mall တွေမှာ အမျိုးအမည် မရေမတွက် နိုင်အောင်  အစားအသောက်   အမျိုးမျိုးကို ရောင်းချနေသော်လည်း၊ မလေးလူမျိုး၊ တရုတ်လူမျိုးများ မက်မက်မောမော စားသောက်တဲ. အစားအသောက်ပင်ဖြစ်စေ မြန်မာပါးစပ်က အရသာမတွေ.လှ  ၊ တခါတလေ “ ဒီကောင်တွေကွာ ငါတို.မြန်မာပြည်က ဆိုင်ကောင်းကောင်းကို ခေါ်ပြီး စားကြည်.စေချင်တယ် အရသာ ဘယ်လိုကွာသလဲဆိုတာကို “ စသဖြင်. ရေရွတ်မိကြသည်။ မှန်ပါသည် စလုံး  လူမျိုးများသည် စာအုပ်ကြီးအတိုင်း စားသောက်နေထိုင်တတ်သော လူမျိုးဖြစ်ပါသည်။ ထိုအကြောင်းနှင်. တဆက်တည်း စင်္ကာပူဧ။် ကျန်းမာရေးနယ်ပယ်ထဲသို. အတွေးဖြန်.ကျက်မိသည်။   
   စလုံးလူမျိုးတွေ အစားအသောက်အနေအထိုင် တော်တော်လေး ဆင်ခြင်ကြပါတယ်၊ စင်ကာပူးရီးယန်း အများစုသည် အငန်လည်းမစားရဲ ၊ အချိုလည်းမစားရဲ၊ အချဉ်လည်းမစားရဲ စားချင်ရက်နဲ. ကျန်းမာရေးအတွက် fit မဖြစ်မှာစိုးလို. ရှောင်ကြရတာလည်း ရှိသည်။ သူတို.အင်မတန်ကြိုက်သော Coffee ‘O’ ကိုကျွန်တော.မနှစ်သက် တတ်ခဲ.ပါ၊ မြန်မာပြည်က ကော်ဖီမှုန်.စစ်စစ်နဲ. လုပ်တဲ. ကော်ဖီခါးခါးကိုတော. သတိရမိသည်။  Coca Cola ဆိုလည်း Sugar “0” ဆိုပြီး artificial sugar လေးနဲ.ကျေနပ်ကြရတာပေါ. ၊ ကျွန်တော်တို.ကမရပါဘူး သောက်ရတဲ.အရသာချင်းတူပေမယ်. Sugar ပါမှသောက်ရတာ ပို၍ အာသာရှိသလိုလို ။
          တခါက အရာရှိတဦးကပြောဖူးပါတယ် မြန်မာအစားအသောက်အနံ.ကို မခံနိုင်ဘူး  ဒါပေမယ်. စားလို.တော.ကောင်းတယ် ၊ ဟုတ်လည်းဟုတ်တာကိုး မြန်မာလူမျိုးတွေ စားတဲ.မြစ်ချင် ချက်ပြုတ်တဲ.အချိန်မတော. တတိုက်လုံး မွန်းနေတာပဲ ၊ အနံ.က ချဉ်စုတ်စုတ်အနဲ. မသိရင်တော. မိလ္လာပိုက်ပေါက်တယ် ထင်မှတ်ပါလိမ်.မယ်။ ဒါပေမယ်. စားရင်တော. ကောင်းသား ၊ ဒီလောက် အနံ.ကြမ်းတဲ. အစားအသောက်တွေကို  စင်ကပူးရီးယန်းတွေ ဘယ်စားရဲမလဲ ကြောက်ရှာမှာပေါ. သူတို.ဖတ်တဲ. Pamphlets မှာ ကျန်းမာရေးနဲ. ညီညွတ်သော အစားအစာ ( Healthy diet)   ထဲပါမှမပါတာ ၊ ဒါပေမယ်. အရဲစွန်.ပြီး စားတဲ.သူတွေကြတော. အကြိုက်ကြီး ကြိုက်သွားတတ်ကြတယ်။  


တခါက ကျွန်တော်တို. ကုမ္မဏီက အရာရှိတယောက်  ခရမ်းချဉ်သီး ၊ ပုဇွန်ခြောက် ၊ ဂျင်း ငရုပ်သီးစပ်စပ်နဲ. သုပ်ထားတဲ. လက်ဖက်သုပ်စားမိတော. ကောင်းလို.ဆိုပြီး ပင်နီဇူးလား ပလာဇာသွားရင်ဝယ်ပေးဖို.မှာတယ် ၊ နောက်ထပ်ကျင်းသုပ်တွေ ၊ ဖီတန် ချဉ်စပ်သုပ်တွေကျွေးလိုက်တော. appetizer လို.တောင်ပြောလာတယ် ၊ ဒါဆိုသူက မြန်မာပါးစပ်ကို ရိပ်မိလာပြီ ၊ စားသောက်ချိန်ဆိုရင် မြန်မာတွေနဲ. ခပ်တွဲတွဲနေလာတယ် အဲလိုနေမှ မြန်မာစာ စားရမှာကိုး ။ အရင်တုန်း သူတို.နိုင်ငံသားတွေဘယ်သူမှမစားရဲတဲ. ကြက်သဲမြစ်ကိုတောင် မြန်မာတွေ စားပြတော. သူတို.လည်း တချို.တ၀က် စားတတ်နေပါပြီ ။ အဲသလိုနဲ. စာအုပ်ကြီး နယ်ပယ်က ကျော်လာတဲ. သူတွေလည်းရှိပါတယ်။

      အစားအသောက် အရသာကွာခြားမှုကလည်း မြန်မာလူုမျိုးများအဖို. လွမ်းစရာလေးတွေဖြစ်လာ တတ်ကြပါသည်။ မြန်မာပြည်ပြန်ရောက်လေတိုင်း သူငယ်ချင်းတွေက လွမ်းနေရတဲ.အစားအသောက်တွေကို တ၀ကြီးစားခဲ.ဖို.မှာလိုက်ကြသေးသည် ။ ပြီးတော. သူတို.အတွက်သယ်လာဖို.ရန်မှာမို.မမေ.ကြ ၊၊ မြန်မာ.မြေမှာမွေးပြီး မြန်မာ.အစားအသောက်ကိုစားကာ ကြီးပြင်းလာသောသူတိုင်းအတွက် ဘယ်နေရာရောက်ရောက် မြန်မာ.အစားအစာနှင်. အရသာသည်လည်း လွမ်းစရာလေးတွေအဖြစ်ရှိနေဦးမည်သာ။


တစ်နာရီလောက်ရောင်းပါအဖေ


ဒီနေ.သူ အလုပ်ကပြန်လာတာ တော်တော်လေးနောက်ကျနေပါပြီ ။ တနေကုန် အလုပ်လုပ် ပင်ပန်းပြီးပြန်လာတာမို.စိတ်ကသိပ်မကြည်လင် အိမ်နားရောက်တော. ငါးနှစ်အရွယ်သားလေးက တံခါးပေါက်နားမှာ သူ.ကိုထိုင်စောင်.နေခဲ.တယ်။ သူ.အနားရောက်တော. …..

သား : အဖေ သားတခုလောက် မေးပါရစေ
အဖေ: မေးလေ ဘာလဲ သား?

သား :အဖေပိုက်ဆံရှာတာ တစ်နာရီကိုဘယ်လောက်ရလဲဟင်?
အဖေ: ဒါမင်းအလုပ်မဟုတ်ဘူးကွ ၊ ဘာလို.ဒီလိုမေးခွန်းမေးရတာလဲ?     
         သူကစိတ်ဆိုးဆိုးနဲ.ပြန်ပြောလိုက်တယ်။

သား :တစ်နာရီကို ဘယ်လောက်ရသလဲ သားသိချင်လို.ပါ ၊ ကျေးဇူးပြုပြီးပြောပြပါအဖေ။
အဖေ: အေးမင်းသိအောင် ပြောပြမယ် တစ်နာရီကို ဒေါ်လာ ၅၀

သား : “အိုး” ဆိုပြီးလူမမယ်လေးက ခေါင်းကိုအောက်စိုက်လိုက်တယ်။
          ပြီးတော. အဖေ ကျနော်.ကို ဒေါ်လာအစိတ်လောက်ချေးပါလား ?

သူ.မှာဒေါသတွေ အခြောင်းခြောင်း ထွက်လာပြီး “မင်းတကယ်လို. ဘာမှသုံးစားလို.မရတဲ.အရုပ်တွေ အရေးမပါတဲ.အရာတွေအကြောင်းပြပြီး ပိုက်ဆံလာချေး နေမယ်ဆိုရင် မင်းအိပ်ခန်းထဲပြန်တော. ၊ ပြီးရင် ဘာလို. ငါတကိုယ်ကောင်းဆန်နေရသလဲ ကိုယ်.ဟာကိုယ်တွေး ၊ ငါတနေကုန် အလုပ်ကြိုးစား လုပ်နေတာ ဒီလိုကလေးကလားဆန်တဲ.အလုပ်တွေ အလဟဒ ပိုက်ဆံဖြုန်းဖို.မဟုတ်ဘူး”

လူငယ်ကလေး ဘာမှမပြောတော.ဘဲ သူ.အခန်းထဲ လှည်.၀င်ပြီးတံခါးပိတ်လိုက်ပါတယ်။

သူလည်းသူ.အခန်းထဲရောက်ပြီး စိတ်တိုတိုနဲ. ဘာကြောင်.ကလေး ဒီလိုမေးရဲရသလဲ ဆိုတာစဉ်းစားနေခဲ.တယ်။ တစ်နာရီလောက်အကြာ စိတ်ဆိုးလည်းပြေတော. သူပိုက်ဆံတောင်းတာ အကြောင်းတခုတခုတော.ရှိမှာပဲဆိုပြီး၊ တော်ရုံတန်ရုံ သူပိုက်ဆံမတောင်းဖူးပါဘူး ၊အခုသူအမှန်တကယ် ပိုက်ဆံ ၂၅ဒေါ်လာလိုလို.ဘဲဖြစ်မယ်ဆိုပြီး စဉ်းစားမိတာနဲ. ကလေးလေးရဲ.အခန်းကို သူသွားခဲ.တယ်

အဖေ:  မင်းအိပ်နေပြီလား သား?
သား :  မအိပ်သေးပါဘူးအဖေ

အဖေ : စောစောကသားကိုအဖေပြောတာ နဲနဲမာသွားတယ် ၊ တနေ.လုံးအလုပ်ထဲကကိစ္စအဆင်မပြေ တာတွေကြောင်.ရော                   သားကိုစိတ်ဆိုးမိတာပါ၊ ရော.ဒီမှာ မင်းလိုတဲ. ၂၅ ဒေါ်လာ။

ကလေးလေးက ပြုံးရွှင်တဲ.မျက်နှာနဲ. မတ်မတ်ထိုင်လိုက်တယ်  “ကျေးဇူးပဲအဖေ” ပိုက်ဆံကို လှမ်းယူပြီးတဲ.အခါ သူ.ခေါင်းအုံးကို ဆွဲလှန်လိုက်တယ် အောက်မှာတော. ခေါက်ကြေ နေတဲ. ပိုက်ဆံအချို.၊ ဒါကိုသူတွေ.တော. နောက်တကြိမ် စိတ်တိုသွားပြီး “ မင်းဆီမှာ ပိုက်ဆံရှိရက်သားနဲ. ဘာလို.ထပ်တောင်းတာလဲ ? “  

“သားပိုက်ဆံက မလောက်သေးလို.ပါ၊ အခုတော.လောက်ပြီ” လို.ကလေးလေးက ပြန်ဖြေ လိုက်ပါတယ်။
“ အဖေ သားမှာ အခု ပိုက်ဆံ ၅၀ရှိပြီ  အဖေ.ရဲ.အချိန် တစ်နာရီလောက်သားကိုရောင်းပါလား ? မနက်ဖြန် အိမ်ကို အဖေစောပြန်လာပြီးရင် သားအဖေနဲ.အတူတူ ညစာစားချင်တယ်။”

သူရင်ထဲမှာ ၀မ်းနည်းမှုတွေဆို.တက်လာပြီး နာကျင်မှုတခုကိုခံစားလိုက်ရတယ်။ ကလေးလေးရဲ. ခန္ဓာကိုယ်ကို သူ.လက်မောင်းတွေနဲ. ပွေ.ဖက်လိုက်တယ် ၊ “သား .. အဖေ.ကိုခွင်.လွတ်ပါ “ တုန်ရီနေတဲ.သူ.နှုတ်ဖြားက စကားတခွန်းနဲ.အတူ သူ.ရင်ထဲလှုပ်ခတ်သွားမိပါသည်။




(It's just a short reminder to all of you working so hard in life. We should not let time slip through our fingers without having spent some time with those who really matter to us, those close to our hearts. Do remember to share that $50 worth of your time with someone you love.) 

(ဘာသာပြန် အားနည်းမှုကြောင်. အသုံးအနှုံး မဆီလျော်ခဲ.ရင် တောင်းပန်အပ်ပါသည်)
သျှမ်းထွန်း

လှည်းကလေး


လှည်းကလေး (သို.) တွန်းလှည်းကလေးလို. ပြောလိုက်ရင် ရန်ကုန်မြို.က လူတွေနဲ. ပိုပြီးရင်းနှီး ပါလိမ်.မယ်လို. ထင်ပါတယ် ။ ရန်ကုန်မြို. နေရာတိုင်းနီးနီး လမ်းသွယ်လေးတွေက အစ လမ်းမကြီးအဆုံး သွားလာလှုပ်ရှားနေကြတဲ. တွန်းလှည်းကလေးတွေကို တွေ.မြင်နိုင်ပါတယ်။ အဲဒီတွန်းလှည်းလေးတွေဟာ မောင်းသူကိုယ်တိုင် အားပြုတွန်းရင် လမ်းမပေါ်မှာ ဖြတ်သန်း သွားလာနေကြပေမယ်. အင်ဂျင်မပါတဲ. အတွက် လေထု ညစ်ညမ်းမှုကို မဖြစ်စေပါဘူးလို. သဘာဝပါတ်ဝန်းကျင် ထိန်းသိမ်းရေးက ချီးမွမ်း လိုက်ပါတယ် ။



များသောအားဖြင်. တွန်းလှည်းခလေးတွေက နေ.လည်ပိုင်းမှ စပြီးအလုပ်လုပ်တာများပါတယ် ။ တလမ်းးဝင် တလမ်းထွက် သွားလာလှုပ်ရှားနေတဲ. တွန်းလှည်းလေးတွေဆီကနေ အချဉ်ပေါင်း၊ အသုပ်စုံ ၊ ကြာဇံဟင်းခါး ၊ ပြောင်းဖူးပြုတ်၊ မြေပဲပြုတ်၊ အကြော်စုံမှ အစ လူကြိုက်များတဲ. မုန်.ဟင်းခါးထိ အိမ်တိုင်ယာရောက် ၀န်ဆောင်မှု ကိုရနိုင်ပါတယ် ။ တချို.တွန်းလှည်းလေတွေကတော. ပစ္စည်းအဟောင်းတွေကို အရောင်းအ၀ယ်လုပ် နေသူတွေပါ။ ဒါကြောင်. လှည်းကလေးကလည်း ရန်ကုန်ပြည်သူတွေအဖို. ရောင်းသူရော ၊ ၀ယ်သူပါ . အသုံးတည်. နေဆဲပါလို.ပြောရင် မှားမယ်မထင် …။





အိမ်မှာ အနေများတဲ. သူတွေအဖို. လှည်းကလေးနဲ. ပိုမိုရင်းနှီးခွင်.ရပါလိမ်
.မယ် ၊ သူတို.နဲ. အရောင်းအ၀ယ် မလုပ်ရင်တောင် သူ.ရဲ. အော်သံ၊ ခေါ်သံကို ကြားရမှာ မလွဲဘူး။ တချို. တွန်းလှည်းကလေးတွေက ကတော. သီချင်းတသာသာနဲ. သူဌေးဇာတာကို ဖော်ပေးရှာတဲ. ထီဆရာတွေပေါ. ။
အရပ်တကာ လည်ပြီးရှာ စီးပွားမပါ ၊ ၀မ်းစာသာဖြစ်ပေမယ်. လှည်းကလေးကို တွန်းနေကြတဲ. လှည်းဆရာတွေကို အထင်မသေးလိုက်ကြပါနဲ.ဗျာ ။ ဒီအကြောင်းနဲ. စပ်လျဉ်းပြီး ……

တညနေ ညဈေးဘက်ကို လမ်းလျှောက်ထွက်တုန်း ပြောင်းဖူးပြုတ်၊ မြေပဲပြုတ်ဝယ်ရင်း ထိုသူရဲ. အခြေအနေကို လေ.လာလို၍ စကားစပ်မိသည် ။ အဓိကတော. တွန်းလှည်းဈေးသည်က လူငယ်လူရွယ်တယောက် ဖြစ်နေခြင်းပါပဲ .. ၊ ဘာကြောင်. ဒီဖြင်.အလုပ်တွေ မလုပ်ဘဲ တွန်းလှည်းဈေးသည် လုပ်တာကို သိလို၍ မေးမိသည် ။ သူက တက္ကသိုလ်ကျောင်းဆင်း ဘွဲ.ရပြီးသားတဲ. ဒီလိုပြောတော. ကျွန်တော်. ပြူးကနဲ သူ.ကို စိုက်ကြည်.မိတယ်။ တွန်းလှည်း ဈေးသည်က ကျွန်တော.ကို အမှန်ပြောတာပါ ။ အဲဒီတော.ကျွန်တော်ကလည်း ဘွဲ.ရမှတော. ကုမ္မဏီတွေ ၊ အရောင်းဆိုင်တွေမှာ အလုပ်လျှောက်ပါလားလို. ဆရာလုပ်မိတော. တွန်းလှည်းသမားလေးက “ ဒီအလုပ်လုပ်တာပဲ ပို အဆင်ပြေပါတယ် အစ်ကိုရယ၊် ကုမ္မဏီမှာ သွားလုပ်ရင် ထမင်းတောင် နပ်မှန်အောင် စားနိုင်မှာ မဟုတ်ဘူး” တဲ. ရုတ်တရက်သူ.ကို ကျွန်တော်နားမလည်ခဲ.ပါဘူး ။ ကျွန်တော်က သူ.ကို မျက်လုံးအပြူးကြီးနဲ.ဆက်ကြည်.တော. သူကဆက်ပြောပါတယ် ။ “ဒီအလုပ်ကပိုကိုက်တယ် အစ်ကိုရေ. .. တရက်ကို အရင်းက ၅၀၀၀ ကနေ ၇၀၀၀ ၊ တနေ.လုံးရောင်းရငွေက ၁၂၀၀၀ ကနေ ၁၄၀၀၀ ရရင် ကျနော်.အတွက် ၆၀၀၀ ၊ ၇၀၀၀ ကျန်တယ်ဗျ” လို. မြေပဲ၊ ပြောင်းဖူးပြုတ်ရောင်းတဲ. တွန်းလှည်းဈေးသည်လေးက ကျွန်တော်.ကိုပြောပြတော.မှ သူ.စီးပွားရေး ဈေးကွက်ကို ကျွန်တော် သဘောပေါက်တော.တယ်။

အဲဒီအချိန်ကျမှ အရာတစ်ခုကိုပြေး သတိရမိသည် ကျွန်တော်နဲ. အဆောင်အတူနေ ညီလေးတယောက်က နိုင်ငံခြားကလာဖွင်.တဲ. ကျောင်းတစ်ခုမှာ ဆော.၀ဲ၊ ပရိုကရမ်းမင်း နဲ.ကျောင်းပြီးတာ အခုအလုပ်စလျှောက်တော. လစာက အမြင်.ဆုံး မြန်မာကျပ် ၆၀၀၀၀ ဆိုတော. ၃၀နဲ.အပြေးအလွှားစားကြည်.တယ် ။ နေ.ချင်းနဲ.တွက်ရင် တရက်ကို ၂၀၀၀ ကျပ်ဆိုတော. လှည်းကလေးဆရာကို ဘာကြောင်. ကုမ္မဏီမှာ အမလုပ်တာလည်း ဆိုတဲ. အဖြေအတွက် ကျွန်တော် ငြင်းချက်ထုတ်စရာမရှိ ၊ ရိုးရိုးပညာရေးဘွဲ.အပြင် ပရိုဂရမ်မာ ဒီပလိုမာ-ဆာတီဖီကိတ် ကိုင်ထားတဲ. သူတယောက်တောင် တရက်ကို ၂၀၀၀ ကျပ်နှုန်းရတော. သူ.အနေနဲ. ဒွိဟဖြစ်စရာ အကြောင်းမရှိ၊ နှစ်ခါပြန်စဉ်းစားစရာမလိုဘဲ ၀မ်းဝဖို.အတွက်ဆိုရင် သူ.အတွက် အမြင်.ဆုံး အဲယားကွန်း အခန်းထဲမှာ လုပ်ရတဲ.ကုမ္မဏီ အလုပ်ရရင်တောင် လှည်းကလေးကို ဦးစားပေးစာရင်းမှာ ထည်.သွင်းရမည်သာ ။





ယခုလက်ရှိ မြန်မာပြည်က ဖရက်ရှာ ဘွဲ.ရ ပညာတတ်လေးတွေဟာ အိမ်ကအကူအညီ မယူဘဲ ကိုယ်.ခြေထောက်ပေါ် ကိုယ်ရပ်တည်ပြီး အလုပ်ခွင်ထဲစတင် ဘ၀ခရီးနင်ဖို.အတွက် ဘယ်လောက် စိစစ်ချွေတာ ရမည်ဆိုတာ ကျွန်တော် နားလည်ခဲ.ပါတယ်။ အလုပ်အခွင်. အလန်းလေး နည်းနည်းပါးပါး ရှိလာသည်.တိုင်အောင် ရရှိမည်.၀င်ငွေကို စိတ်ပျက်ပြီး ထိုထိုလေလေ အိမ်မှာ နေနေကြတဲ. ဘွဲ.ရတွေလည်း ဒုနဲ.ဒေးပါ ။ စစ်စစ်ပေါက်ပေါက် သုံးတတ်တဲ.သူတွေအဖို.တောင် ဒီလခနဲ. ရပ်တည်လို. မလွယ်သေးပါဘူး ။

ဝင်ငွေ တရက် ၂၀၀၀ နှုန်းကို အဆောင်ခ၊ အိမ်ခန်းခပေးစရာမလိုဘဲ စိစစ်ပြီး လောက်ငှအောင် သုံးစွဲရမယ်ဆိုရင်တောင် အသက်သာဆုံး ဘတ်စ်ကားကိုစီး၊ လက်ဖက်ရည်ဆိုင်မထိုင် ၊ အပေါင်းသင်းတွေနဲ. တခါမှ မစားမသောက် ၊ ကန်းစွန်းရွက်နဲ. မနက်နေ.လည် ၊ ညစာကိုဖြစ်သလိုရှင်းရင်တောင်မှ လကုန်ထိ ၆၀၀၀၀ ဆိုတာ ဥပုဒ်စောင်.ရမယ်.ရက် မရှိနိုင်ဘူးလို. မတွက်နိုင်သေး။ အပိုဝင်ငွေမရှိဘဲ ကိုယ်.ဖာသာကိုယ် ဖုန်းတစ်လုံးဝယ်ကိုင်မယ် ဆိုရင်တော. ရေသောက် ဗိုက်မောက်ရုံပေါ.။ ဒါတောင် သုံးလေးလလောက်စုရဦးမှာ ၊ ဒီလိုတွက်ဆရင်း သူတို.လေးတွေကို သနားမိခဲ.ရသည်တော. အမှန်။ တချို.ကတော. အလုပ်အတွေ. အကြုံရရှိရေးအတွက် အိမ်က အထောက်အပံ.ယူပြီး အလုပ်လုပ် နေကြတာတွေ လည်းရှိပါသည် ။

တနေ.မှာတော. လိမ်မာပါးနပ်တဲ. ရေသည်တွန်းလည်းကလေးနဲ.လည်း တွေ.ခဲ.ရသေးတယ် ။ သူ.အလုပ်ကလည်း လွယ်သည်လို.တော. မထင်ပါနဲ.၊ နှစ်ဆယ်လီတာရှိတဲ. ရေသန်.ဗူးကို ထမ်းပြီး ခုနှစ်ထပ်၊ ရှစ်ထပ်တိုက်ပေါ်ကိုတက်ရတဲ.အလုပ်လေ ။ ရေသန်.ဗူးတလုံးကို ဘယ်လောက်ရလည်းမေးတော. “တစ်ရာ” ၇တယ်လို.ဖြေပါတယ်။ အပေါ်ဆုံးထပ် အလွှာအထိ ဘာပစ္စည်းမှမပါဘဲ တက်ရင်တောင် မောပန်းတတ်တဲ. သူမှန်ရင် သူ.ကို ကိုယ်ချင်းစာမှာ အမှန်ပင် ။ နိုင်ငံခြားက ဓါတ်လှေခါးကိုသာ သတိရတတ်သော ကျွန်ုပ်အဖို. ရေဘူးထမ်းခ မြန်မာငွေ ကျပ်တစ်ရာကို ၀မ်းသာစွာပင်ပေးခဲ.သည် ။ တနည်းအားဖြင်. ကောင်းတဲ.ဘက်က စဉ်းစားရင်တော. သူ.အတွက် တအိမ်တက် တအိမ်ဆင်း ပင်းပန်းတာကို မကြည်.ဘဲ ကောင်းတာကို ကြည်.ရင်တော. သူဟာ လေးလံတဲ. သောက်ရေ တွန်းလှည်းလေးကို ကုန်းဆင်း၊ ကုန်းတက၊် တလမ်းဝင် တလမ်းထွက်တွန်းရင်း သူ.ရဲ. လက်မောင်းတွေကို ကြံ.ခိုင်သန်မာမှု ရရှိစေခဲ.ပါတယ် ။ ရေဗူးပခုံးပေါ်ထမ်း မြင်.မားတဲ.တိုက်တွေပေါ်ကို အတက်အဆင်းပြုရင်း ခြေသလုံး၊ ပေါင် ကြွက်သားတွေ ကျစ်လစ်ခိုင်ခံ.စေခဲ.ပါတယ် ။ Gym သွားစရာမလို Fitness Center မှာသွားပြီး အားအင်ဖြုန်း ၊ ပိုက်ဆံဖြုန်းစရာမလိုဘဲ အဆီပိုတွေလည်း ဖယ်ရှားပြီးသားဖြစ်မှာပါ ။ ဆက်ပြီး သူ.ရဲ.စားသောက်ရေးကို မသိမသာ မေးကြည်.တဲ.အခါမှာတော. သူက “မဆိုးပါဘူး” လို.ဖြေပါတယ် “တနေ.၀င်ငွေက ၆၀၀၀ ကနေ ၇၀၀၀ အမြင်.ဆုံးရတယ် ၊ မနက်စာအချိန်မှာ လက်ဘက်ရည်အပါ နေ.လည်စာ ၊ ညစာ စားတာ အကုန်လုံး ၁၅၀၀” လို.ပြောတော. ၊ ကျွန်တော် မျက်လုံးပြူးသွားပါတယ်။ ကျွန်တော်.အရိပ်အခြေကို ကြည်.ပြီး “ ဟုတ်ပါတယ် ကျွန်တော်တို.စားတဲ.ဆိုင်က တခါစားမှ ၂၀၀ လောက်ကျတာ ၊ အသား (ဒါမှမဟုတ်) ငါး တစ်တုံးနဲ. ထမင်းတပွဲကို ၂၀၀လောက်ကျတာ” ဆိုတော. ၀င်ငွေအားနည်းတဲ.သူတွေ အတွက်လည်း ထည်ထည်ဝါ၀ါကြီး မဟုတ်ပေမယ်. သက်သက်သာသာ ရောင်းပေးတဲ. ဆိုင်တွေလည်း ရန်ကုန်မြို.မှာ ရှိသေးတယ် ဆိုတာ မှတ်သားရပါတယ် ။

ထမင်းတခါစားရင် အနည်းဆုံး ၂၀၀၀ လောက်ကုန်ကျမှ ထမင်းစားတတ်တဲ. ကျွန်ုပ်အဖို. အတွေးတစ်ခု ခေါင်းထဲ ထင်းကနဲပေါ်လာမိပါတယ် ။ ရန်ကုန်မှာ အပေါဆုံးက ဘီယာဆိုင်လို.ပြောရင် မှားမယ်မထင် ၊ ကိုယ်လို သူလိုကလည်း မသွားရင် မနေတတ်ဘူးလေ… ခြေကယားယား လာတယ်ဆိုပါတော. ၊စားပြီး သောက်ပြီးရင် တခါတခါ ရှင်းရတဲ.ငွေက နှစ်သောင်းထက် မနည်းဘူး ၊ အဲဒီအချိန်မှာ သူတို.မှာတော. ပုံမှန်ထမင်း တနပ်စာအတွက် တွက်ချေ ကိုက်အောင် တွက်ချက်ပြီး စစ်စစ်ပေါက်ပေါက် ချွေတာရတာ ကိုယ်ချင်းစာမိပါတယ်။

သူတို.လေးတွေဟာ မိမိကျင်လည်ရာဒေသမှာ အဆင်ပြေသလို ၀မ်းစာရှာရင်း မိမိတို.နဲ.ထိုက်တန်တဲ.၊ မိမိတို.လုပ်နိုင်စွမ်းရှိတဲ.၊ မိမိတို. ဘ၀တက်လှမ်းအတွက် လှေခါးရင်းဖြစ်တဲ. အရင်းအမြစ်ကောင်းတွေ ၊ နေရာကောင်းတွေ မရောက်ရှိကြသေးပါ ။ အမှန်တကယ်တော. လုပ်အားတန်ဖိုးဆိုတာ ကာယစွမ်းအား ၊ ဥာဏစွမ်းအားနဲ. ပေါင်းစည်းနိုင်မယ် ဆိုရင် ကြီးမားတဲ. အကျိုးရလဒ် အသီးအပွင်.တွေ ဖြစ်ပေါ် စေနိုင်ပေမယ်. မျိုးဆက်သစ်လေးတွေဟာ သူတို.ရဲ.စွမ်းအားကို အကောင်အထည်ဖော်ဖို. အခွင်.အရေးတွေနဲ. ဝေးကွာနေဆဲပါလားလို. စဉ်စားရင်း မိမိရှေ.မှ ထွက်ခွာသွားသော “လှည်းကလေး” ကို ငေးကြည်.ကာ အတွေးများစွာဖြင်. ကျန်နေခဲ.မိပါသည် ။ (မိမိဧ။် အမြင်အာဘော်များသာ ဖြစ်သည် )

သျှမ်းထွန်း (၂၀.၀၆.၂၀၁၂)

ဘတ်စ်ကား

မိုးတွင်းလယ်လသို. ရောက်ရှိနေသည်. အလျောက် မဟာရန်ကုန်မြို.ရဲ. မိုးရေပေါက်တို.လည်း တဖွဲဖွဲ ကျဆင်းနေလေသည် ။ နားသည်ဟူ၍မရှိ သည်းလျှင်သည်းမည် ၊ ဖွဲလျှင်ဖွဲမည် ၊ ဘယ်နေရာသွားသွား ဗေဒင်ဆရာရဲ.
ထီးရိုးရှည်လေးက မပါမဖြစ် ကိုးလိုးကန်.လန်. ဆွဲသွားရစမြဲပါ။
 ထိုနေ.က မနက်ကိုးနာရီ လောက်မှာ ရုံးတခုမှာ လုပ်စရာရှိသည်နှင်. ၀န်ထမ်း ၊ အလုပ်သမားတွေ ရုံးတက်ချိန်

မိမိလည်း ပြင်ဆင်ပြီး ထီးရိုးလေးတကားကားနဲ. ဘတ်စ်ကား မှတ်တိုင်နားရောက်လေသည် ။ မိမိက ရန်ကုန်မြို.မှာ အလုပ်လုပ်သူ မဟုတ်သလို မိုးမရွာတဲ.နေ.တွေမှာ မနက်ပိုင်း ခပ်စောစော လမ်းလျှောက် ထွက်သည်မှအပ တော်ရုံတန်ရုံ 

မနက်စောပိုင်း  ဘတ်စ်ကားနှင်. အပြင်ထွက်လေ.မရှိ၊ ရန်ကုန်မှာ သောင်တင်နေတုန်း စိတ်ရှိလက်ရှိအနားယူရန် အကြံလည်း ဖြစ်လေသည်။  ထိုနေ.မှာတော. မိမိလည်း ရန်ကုန်ပြည်သူပြည်သား၊ ၀န်းထန်းတွေနဲ.အတူ ဘတ်စ်ကား စီးဖြစ်လေသည် ။
 အစမှာတော. ချောင်တဲ.ကား စီးဖို.၊ နေရာလွတ်ရှိတဲ.ကားစီးဖို. စောင်.မိနေသေးတယ် ဒါပေမယ်. ဘယ်အစီးမှ
ချောင်တယ် လို.ကိုမရှိ ၊ ဟုတ်သားဘဲလေ ရန်ကုန်မြို. လူဦးရေ ရှစ်သန်းလောက်အတွက် ဘတ်စ်ကားနဲ.
လူဦးရေ မျှတအောင် ဘယ်သူက ချထားပေးတာကျလို. မထူးပါဘူး သူတိုး ကိုယ်တိုးနဲ. ကိုယ်လည်း ခင်မောင်တိုးပေါ.။
စပါယ်ရာရဲ. လက်မောင်းတွန်းအားနဲ. တခြားလူများနည်းတူ မိမိလည်း တိုးကာဝှေ.ကာ ကားပေါ်ကို ရောက်သွားခဲ.သည်။

မိုးနတ်မင်းကြီးက မိုးရေပေါက်လေးတွေ တဖွဲဖွဲပက်ဖြန်း ပေးနေသော်လည်း ဘတ်စ်ကားပေါ်
အရောက်မှာ နွေရာသီတခုလို ချွေးသီး၊ ချွေးပေါက်တွေတလိမ်.လိမ်.ကျဆင်းလာသည် ။
ကိုယ်ကဘဲ လူတောမတိုးဖူးလို. နေမှာ။ သူများတကာတွေ နှစ်နဲ.လနဲ.ချီပြီး  ဘတ်စ်ကားကို
စီးလာတာ ကိုယ်.ကျမှ လက်လန်သွား လို.တော.မဖြစ်သေး ။ 

အနောက်ဘက်ကလူတွေ ဆင်းချင်ပြန်တော. အလယ်ခေါင် လမ်းကျဉ်းလေးမှာလေ.ကျင်.ခန်း မလုပ်လာခဲ.သမျှ  ၊
အစားကောင်းတွေ.ရင်စိတ်ရှိလက်ရှိ စားလာခဲ.သမျှအခုမှ နောင်တရပါပြီ ။ ထက်နေခြည်လို ဆိုလိုက်တော.မယ်
“ရှောင်လို.တိမ်းလို… မလွတ်နိုင်ပါ …” ကျော်ခွချင်လည်း ခွသွားပါစေတော. ၊ ပိန်သွယ်သွယ်လေးတွေ
အပြင်ထွက်ချင်ရင်သိပ်အခက်အခဲ မရှိပေမယ်. ၀သောသူများ ကိုယ်.ကိုယ်ကို
မုန်းတီး  သွားလောက်အောင် တရားပြတဲ. ဘတ်စ်ကားပါလားနော်။ ဟို အမ၀တုတ်တုတ်ကြီးက
ဆင်းအုံးမှာတဲ. ၊အနောက်ဆုံးကို ၀င်ထားမိတော. သူ.အတွက် ထွက်ပေါက်ကိုတွေးပူနေမိသည် ။
ကိုယ်ကသာ ဖယ်ပေးမှ ၊ သူကမိန်းခလေး နောက်ကြောင်းမအေးတဲ.  ထောက်လှမ်းရေးလို.လည်း မပြောမခံနိုင်ပါဘူး၊ 
ဘေးထိုင်ခုံ ပေါ်က အစ်မကြီးကိုလည်ုး အားနာရ ကိုယ်က သူ.အပေါ်မှာ ကုတ်ကိုင်းကိုင်း ၊ မတော်လို. သူကို ခလုတ်တိုက်မိရင် ချက်ချင်းပင် တောက်ဖိနပ်စာ မိသွားနိုင်ရဲ. ၊ အရှက်မကွဲခင် ယောက်ျားကြီးတွေ ကိုယ.်ကိုယ်ကို မိန်းခလေးတွေထက် ကြုံ.ကြုံ.ရုံ.ရုံ. နေထိုင်ဆင်ခြင်မှ။ အစမှာတော. အလယ်ခေါင်လမ်းကြော ကျဉ်းကျဉ်းလေးမှာ ခြေတချစာ ပိုင်ဆိုင်ထားသေးပေမယ်. အခုတော. ကိုယ်ကိုပင် ပြန်မတ်ဖို. မလွယ်တော.တဲ. အဆင်.။ ဒီကြားထဲက လက်တဖက်က ထီးရိုးရှည်ကြီးနဲ. ဖိုင်ဟိုးတာကို ကိုင်ထားရသေး ၊ လက်တဖက်ကို အမှီသဟဲပြုဆွဲကိုင်ဖို.  လိုက်ရှာတော.  ထိုင်ခုံရထားတဲ.သူက “ရော. .. ဒါလေးကိုင်လိုက်” စေတနာပလပွနဲ.  အပေါ်ကတွဲလွဲကျနေတဲ. လက်ဆွဲကွင်းလေးပေးရှာလို. တော်သေးသပေါ. ။

“ကိုင်ထား… ကိုင်ထား” လို. စပယ်ယာလေးတွေ  အလကားပြောနေတာ မဟုတ်ဘူးနော် ၊ ဘဲများပြီး ဘားမဆွဲမိလို. ခံခဲ.ရတာ ကိုယ်တွေ.ပဲမို. ဘယ်အချိန်မှာဘယ်လိုဖြစ်ဖြစ် ဘတ်စ်ကားစီးတိုင်း ဆွဲစရာ၊ ကိုင်စရာလေးတစ်ခုကို မိရအောင် ကိုင်ထားဖို.တော. သိပြီးသား။ တခါသေဖူး ပျဉ်ဖိုးနားလည်တယ်။ တညနေ လူခြေတိတ်ခါနီးအချိန် ကြည်.မြင်.တိုင် ကမ်းနားလမ်းမှာ လူလည်းရှင်းပြီဆိုလို. ဒိုင်နာကားလေးကို တက်စီးမိလေသည်။  လမ်းတော်တော်ရှင်းနေပြီမို. ဘတ်စ်ကားလေးက အရှိန်မြင်. မောင်းလာရာ ညလေညင်းလေးခံရင်း အခန်.သား ထိုင်လိုက်ခဲ.လေသည်။  စင်္ကာပူက ဘတ်စ်တွေလို ညင်ညင်သာသာ အရှိန်လျှော.ရပ်မှာ ထင်နေလားမသိ ရုတ်တရက် ဘရိတ်ဆောင်. အုပ်လိုက်တော. မိုးကြိုးပြစ်သလို ခံစားလိုက်ရတာ ခါးရိုးများကျိုးလေပြီလား လန်.ဖြတ်သွားခဲ.ရသည်။ ကားပေါ်မှာ တလိမ်.ဂေါက်ခွေးကျလို.၊ တော်သေးသပေါ. လူသုံးယောက်သာရှိလို. ၊ ကျန်တဲ.လူတွေကတော. စပ်ဖြည်းစပ်ဖြည်းနဲ. မိမိကို ၀ိုင်းကြည်.လေသည် ။ ရုတ်တရက် ရှက်ရှက်နဲ. ဘယ်သူ.ကို အပြစ်ဖို.ရမလည်း ဆိုတာထက် ဘယ်နေရာ ဘယ်အချိန်ခါ ဖြစ်ဖြစ် ဘားဆွဲရန် သတိရဖို. မိမိကိုယ်မိမိ မှတ်မှတ်ရရ ရန်ကုန်ကဘတ်စ် သင်ခန်းစာ ပေးခဲ.ဖူးလေသည် ။

ထိုနေ.တွင်မနက်တွင်လည်း ကိုယ်တိုင်က ညံ.လို.ပဲလားမသိ ၊ မနက်စောစောစီးစီး တခါတည်း
ဘတ်စ်ကားစီးတာနဲ. မျောက်ရုပ်ပေါက်ခဲ.ရတယ်။  ကိုကိုစပါယ်ယာတို.ကတော. မနားပါဘူး
တယောက်တက်ပြီ…၊နှစ်ယောက်တက်ပြီ…၊ သုံးယောက်တက်ပြီ… လက်နဲ. ပုပ်ခါ ပုပ်ခါ ရေတွက်နေတုန်းဘဲ ၊
ခရီးသည်တွေက တက်ပြီးရင် ပြန်ခြံကျရိုးမှ မရှိဘဲကိုး ၊ ဘယ်လောက်ကြပ်ကြပ်
ကုပ်ကပ် ၊ဖိညှပ်ပြီး ပါသွားကြတာကိုး။  အေးလေ သူလည်း ခြင်း ထဲကို
ပြွတ်သိပ်ထည်.တတ်မှ ၊ ကြက်ခြင်းဖိုး သက်သာမှာလေ ၊ ဒီကတော. ကြက်နာကျနေပြီ လေကောင်းလေသန်.မရလို.
ချွေးသီးချွေးပေါက် ၊ မျက်လုံးလေးတွေ ပေကလပ်ပေကလပ်နဲ. ခြင်းကျားထဲက စီပီကြက်ကြီးတွေလို ကားထဲမှာ
ပြွတ်သိပ်ခံနေရတာ ကြက်သားစားလို. များ ၀တ်လည်နေကြတာလား လို.တောင် တွေးမိပါရဲ.။
တော်သေးသည် ဒေါ်အေးကြည်လို.ပြောရမလား မနက်စောစော ရေချိုးပြီးလာကြသမို. သူများချိုင်းကြား ရောက်လည်း ရဲရဲဝံ.၀ံ. တော. အသက်ရှူရဲသေးသည် ။ နေ.တိုင်းရုံးတက် ၊ရုံးဆင်း ဘတ်စ်ကားစီးနေကျ ကျွန်ုပ်ဧ။် ၀န်းကွဲ ညီတယောက်က “အစ်ကိုရယ် ဘတ်စ်ကားပေါ်မှာ ငပိနံ. တထောင်းထောင်းနဲ. ညနေအိမ်အပြန် ငပိရည်ပန်းကန်ကို ကြည်.လို.မရတော.ဘူးတဲ.” စားတော.စားတယ် ဟဲ..ဟဲ ။ သူက အရပ်ပုရှာတာကိုး သူများ ချိုင်းကြားနဲ.ကွက်တိ ။ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေမက ကာဗွန်မိုနောက်ဆိုဒ်တွေပါ ရှူခဲ.ရသူပါ။ ကြမ်းခင်းမလုံလို. ကားစက်က ထွက်တာပြောတာပါ။ ဒီလိုတော.လည်း နေ.စဉ် ရုံးတက်၊ ရုံးဆင်း လုပ်နေရသူများကို ကိုယ်ချင်းစာမိပါရဲ. ။   စိတ်ပူစရာကောင်းတာက သူများရင်ခွင်ထဲ ရောက်နေတဲ. မိန်းခလေးတွေပါ (ကိုယ်နဲ.မဆီမဆိုင်) ၊ “ဟဲ. ဟိုလူကြီး ဟိုဘက်နား တိုး”လို.လဲမဆိုသာ ၊ ဒီလိုပြောရင် ကိုယ်ကပင် ရိုင်းရာကျလိမ်.မည။် အပေါ်တန်းကို မမှီမကမ်းနဲ. ရပ်နေရတဲ.ကြားက ၊ ဇရာထောင်းပြီး ပရိတ်မကောင်း တော.သလို ချိုကျိုး နားရွက်စုတ်နေတဲ. ကားကြီးက ထစ်အထစ်အ၊  အခန်.မသင်.ရင် ကိုယ်ကပင် လည်းကျနိုင်ရဲ. ၊ မိမိကို သူကပင် ရင်ခွင်ထဲမှာ ထည်.ကာ သိမ်းထားပေးသမို. စိတ်ချလက်ချ စီးနေရတာ မဟုတ်ပါလား၊ အမှီသဟဲ ပြုခွင်.ရနေသည် မဟုတ်ပါလားဟု မိန်းခလေးများ သောမနဿ ပွားများရမလိုလို။

ပြောကြတာတော. ဘတ်စကားပေါ်မှာ ယောက်ျားလေးတွေကသာ အသာရနေတာတဲ. ၊ အမှန်တကယ် ယောက်ျားကြီးတွေပါ အောင်.သက်သက်နဲ. ခံရတာတွေလည်းရှိတတ်တဲ. အကြောင်းကို ဟာသအဖြစ်ပြော လိုက်ချင်သေးသည် ။ ထိုအဖြစ်အပျက်က လွန်ခဲ.တဲ.နွေလလည် ရက်တခုမှာ မိတ်ဆွေ တယောက်နဲ. အလာပ သလာပပြောရင်း သူကိုတိုင်ကြုံခဲ.တဲ. သူ.မိတ်ဆွေရဲ. အကြောင်းလေးကို ပြောဖြစ်တယ်။  အဲဒီ အချိန်တုန်းက အမျိုးသ္မီး သီးသန်.ယာဉ်တွေ ပေါ်ကာစဖြစ်သလို  ၊ ထိုကဲ.သို. ခံလိုက်ရတဲ. ဒို.အကိုကြီးအတွက် ကိုယ်ချင်းစာစိတ်နဲ. အမျိုးသားသီးသန်.စီး ယာဉ်တွေပါ လိုအပ်ကြောင်း ဆန္ဒပြတောင်းဆိုဖို. စဉ်းစားခဲ.ကြသေးတယ်လေ။ :P
ရန်ကုန်မြိုက ကားသမားတွေ အမြဲတမ်းလိုလို တတ်နိုင်သမျှ ရှောင်ကြဉ်ကြတဲ. မီးပွိုင်.ကတော. လှည်းတန်းမီးပွိုင်.ပါ ။ စိတ်မရှည်တတ်တဲ. လူတွေဆို အသက်မတိုအောင် ဒီလမ်းကို ရှောင်ရှားနိုင်ရင် ပိုကောင်းမည်ထင်။
တသက်တာရဲ. အချိန် ဘယ်လာက်၊ ဘယ်လောက်ကို  မီးပွိုင်.မှာ ဖြုန်းပြစ် လိုက်တယ်လို. ကမ္ဘာကျော်အတွေးအခေါ် ပညာရှင်ကြီးများလို ပြောလိုက်ချင်ရဲ.။ လှည်းတန်းပွိုင်.မှာ မိနေတုန်း အချိန်က ၁၄ မိစ်ပြထားတာ သတိထားမိတယ် ၊ စိတ်ရှည် လက်ရှည်နဲ. ကောင်.တောင်း လုပ်နေတာ နောက်ဆုံး တစက္ကန်.ပြီးခါမှ ၁၅ မိနစ် ပြန်ရောက်သွားပြန်ရော အံ.ရော အံ.ရော ။ တချို.လူများဆို ဗိုက်ဆာရင် ဘတ်စ်ကားပေါ်ကဆင်း လမ်းဘေးမှာ မုန်.စားပြီးမှ ဘတ်စ်ကားပေါ် ပြန်တက်သွားလို. ရတယ်ဆိုဘဲ။ ပျော်စရာတော.ကောင်းသား ၊ တခါတလေများဆို ဒရိုင်ဘာ ၊ စပယ်ယာလေးတွေ က တစီးကို တစီးလမ်းအော်ရင်း စကားပြောနေကြတာ၊ တယောက်ကို တယောက် စလိုက်နှောက်လိုက်နဲ. လမ်းမှာ တွေ.ရင် အော်ပြောနုတ်ဆက်သွားကြတာ သူတို.ကိုကြည်.ပြီး အားကျမိပါရဲ. အဲဒီလို လွပ်လပ် စိတ်ချမ်းသာစရာကောင်းတဲ. နိုင်ငံမှာ လူဖြစ်ရတာ ၊ စပါယ်ယာတွေကိုတိုင် ခရီးသယ် ကားပေါ်မရောက်ခင် လက်မောင်းကို ဆွဲပြီးတင် ၊ အနောက်ကနေလည်း တွန်းပို.သေးတာ ရှာလိုက်စမ်းပါ ရှားမှရှား ၊ သဘာဝ အဲယားကွန်းကလည်း ပြတင်းပေါက်တိုင်းမှာ တပ်ထားသေး အသက်ရှည်ဆေး သောက်ဖို.မလို အသက်ရှည်ဖို.ဆိုရင် ဒီလိုကောင်းကွက် လေးတွေကိုလည်း ကြည်.တတ်အုံးမှပေါ.။  ဘတ်စ်ကားခကောက်ရင် အကြွေတွေပြန်မအမ်းတာ စာရွက်ဈေးကြီးလို.ဆိုပြီး အကြွေတွေကိုမှ မထုတ်တော.တာကိုး ၊ ခေါင်းရင်းမှာ ‘ကွမ်းတံထွေး မထွေးရ’ လို.ကပ်ထားပြီး ကွမ်းသွေး တပျစ်ပျစ်ထွေးနေတာ ဒဏ်ငွေငါးထောင်ဆိုတိုင်းလည်း ကောက်မည်.သူမှ မရှိဘဲ ။ ထားလိုက်ပါ ဒါတွေကတော. ရိုးနေပြီ ၊ ဘယ်သူနဲ.ဆိုင်လည်း မေးလိုက်ရင် သူငယ်နပ်စားကစ သိတယ် ။ ဖြစ်ချင်တော. နာရီဝက်နီးနီး ပိတ်မိထားတဲ. မီးပွိုင်.စိမ်းတော. ဘတ်စကားက လှည်းတမ်းလမ်းဆုံကိုကျော်ဖြတ်ပြီး ပြည်လမ်းမကြီးထဲအရောက် စုန်ပေါက်လို.ပြေးပါလေရော ၊ လမ်းကူးရောက်တော. အရှိန်ကတော်တော်မြင်.နေပြီ ၊ ချက်ချင်းဆိုသလို ပရိတ်ကို စုံတက်နင်းတော. ကားပေါ်ကလူတွေ ခမျာ အိုးထဲမှာ ခရုမွှေသလို ကသောင်းကနင်းဖြစ်ကာ တွေ.ရာလှမ်းဆွဲကြလေသည် ။ ဖြစ်ချင်တော. ကျွန်ုပ်သူငယ်ချင်းရဲ. မိတ်ဆွေက သူ.ရှေ.တည်.တည်.မှာ အရပ်ခပ်ပုပု ကောင်မလေး ၊ ကားရုတ်တရက် ပရိတ်အုပ်တော. လဲကျမလိုဖြစ်သွားတာ နဲ. တွေ.ရာ ၊ လက်လမ်းမှီရာ ဆတ်ကနဲ လှမ်းဆွဲလေတော. သူ.ရဲ.ခေါင်းကို လှမ်းဆွဲမိသတဲ. ၊ ကောင်မလေးက လက်ကလေးဖြန်.ကြည်.တော. ဆံပင်တွေက အဆုပ်လိုက် ၊ ပြီးတော. “ ဆောရီး အကိုကြီး .. ကတော. ကတော. နော်တဲ.” သူ.ခမျာ နဖူးပြောင်သူမို. မရှိမဲ.ရှိမယ်. ဆံပင်လေး မွေးထားရတာ တော်တော်လေးလည်း ရှည်နေပါပေါ. ။ အခုတော. ပြောင်နေတဲ.ထိပ် မရိပ်မိအောင် ဖူးဖူးမှုတ်ထားတဲ. ဆံပင်ထိတော. ဆတ်ဆတ်နာတာပေါ .။  ဒါနဲ. ကောင်းတစမ်းစမ်းနဲ. မကျေမချမ်းဖြစ်ကာ စကားတောင် ပြန်မပြောနိုင်ရှာဘူးတဲ.။ သူ.ခမျာ စိတ်တိုလို. ရှူး ရှူးရှဲရှဲနဲ. တခုခု ပြန်လုပ်ရအောင်ကလည်း ဟိုကကောင်းမလေး ၊ ဖက်ပေါ်ဆူးကျကျ ၊ ဆူးပေါ်ဖက်ကျကျ ဆူးကြိုးရသကိုးလို. နားလည်မိတော.တယ် ။ ကဲ အဲလိုကိစ္စလေးတွေကို ဖြေရှင်းပေးဖို. အမျိုးသားတွေ အတွက်ရော အမျိုးသားရေးရာဌာနဆိုတာ ရှိရင် ပိုမကောင်းဘူးလားဟု ထူးထူးဆန်းဆန်း တွေးလိုက်ချင် တော.သည်။


ဘယ်လိုဖြစ်ဖြစ် ရန်ကုန်က ဘတ်စ်ကားတွေရဲ. အကျိုးကျေးဇူးကိုတော. ကန်းလို.မရ။ အခု ဟိုနိုင်ငံ ကြီးတွေက ဘတ်စ်ကား ကားအစီးရေ ဘယ်လောက် ဘယ်လာက် တင်သွင်းမည်ဟု ပြောပြော၊ အမှန်တကယ်ပဲ လုပ်လုပ် ၊ ရှိရင်းစွဲ ဘတ်စ်ကားလေးတွေရဲ. စီးလိုအားက ကျဆင်းသွားမည်မဟုတ် ၊ ဆိုလိုတာက စီးပွားရေးပညာရှင် စကားနဲ.ပြောရရင် အခြေခံပြည်သူတွေရဲ. ၀င်ငွေ လေးတိုးလာမှသာ သာ၍ကောင်းတဲ.ကား ၊ ယာဉ်စီးခပိုပေးရတဲ. ကားကို စီးနိုင်မည်မဟုတ်ပါလား ။ အနိမ်.ဆုံး သာမာန်ယာဉ် ခရီးတို ခရီးတောင်း ယာဉ်စီးခ ၅၀ ကျပ်ဖြစ်နေသည်.တိုင် မစီးနိုင်သေးသူများ ၊ ဒီထက်သက်သာတဲ. ယာဉ်ကို ရှာကြံစီးနေရသူများ ရှိနေဆဲပါ။ 


ရန်ကုန် ၀ိုင်ဂျီအိတ်ဟ် ကိုရောက်သွားတုန်း နေမကောင်းဖြစ်နေတဲ. ကျောင်းသူမလေးရဲ. မိသားစုအကြောင်းကိုပြောရင်း ၊ ထိုကျောင်းသူမလေးဟာ ဘတ်စ်ကားထက် မြို.ပတ်ရထားကိုသာ အားကိုး အားထားပြီး သွားလာနေရတယ် ၊မြို.ပြင်နားထိဆိုတော. ဘတ်စ်ကားဆိုရင်မတတ်နိုင်ဘူး၊  မြို.ပတ်ရထားစောင်းရင်း နောက်ကျချင်လည်းနောက်ကျမယ် အလွန်ဆုံးသက်သာ ငါးဆယ် ၊ တစ်ရာ ဆိုတာကလည်း ၀င်ငွေ မရှိသေးတဲ.သူ ၊ မိခင် ကုန်စိမ်းသည်ကို မှီခိုနေရတဲ. သူ.အတွက် တန်ဖိုးရှိတယ်လေ ၊ မြို.ပတ်ရထားက တခါစီးရင် ဘယ်လောက်ပေးရသလဲ မေးတော. ၂၀ ကျပ်တဲ. ၊ အခုတော. နဲနဲတက်လာတယ်လို. ကြားမိပါတယ်။ ပျံကျဈေးသည် တစ်ယောက်ရဲ. မိသားစု ၀င်ငွေနဲ.ဆိုရင် တခါစီးရင် ၂၀၀ ကျပ် ပေးရတဲ. ဘတ်စ်ကားစီးဖို.တောင် မလွယ်ပါဘူးလို. ဆိုပါတယ် ။ ယာဉ်စီးခ သက်သက်သာသာနဲ. စီးနိုင်တဲ. ယာဉ်တွေကို လောက်လောက်ငှငှ စီးနိုင်ဖို. မတင်သွင်းနိုင်သေးသရွေ. ဘယ်လိုဖြစ်ဖြစ် သွားနေရင်း၊ မောင်းနေရင်း ဘီးတွေ မကျွတ်ထွက်သေးသရွေ. စီးလို.ရနေသေးတဲ. ဘတ်စ်ကားလေးတွေဟာ ဂျပန်ကလာမယ်. ကားတွေထက်တော. အောက်ခြေ လူတန်းစားတွေအတွက် အသုံးဝင်၊ အကျိုးရှိဆဲ ဖြစ်နေဦး မယ်ဆိုတာ ယုံကြည်မိပါသည်။

( အထက်ပါ အကြောင်းအရာများသည် မည်သည်. အဖွဲ.အစည်း ၊ မည်သူ တစ်ဦးတစ်ယောက်ကိုမျှ ထိခိုက်စေလို၍ ရေးသားခြင်း မဟုတ်သလို ၊ မိမိကိုယ်တိုင် တွေ.မြင်ခဲ.သော၊ကြားသိခဲ.သော  အရာများကို အပျက်သဘော ဟာသနှော၍ ရေးသားခြင်းမျှသာ။)