လှည်းကလေး (သို.) တွန်းလှည်းကလေးလို. ပြောလိုက်ရင် ရန်ကုန်မြို.က လူတွေနဲ. ပိုပြီးရင်းနှီး ပါလိမ်.မယ်လို. ထင်ပါတယ် ။ ရန်ကုန်မြို. နေရာတိုင်းနီးနီး လမ်းသွယ်လေးတွေက အစ လမ်းမကြီးအဆုံး သွားလာလှုပ်ရှားနေကြတဲ. တွန်းလှည်းကလေးတွေကို တွေ.မြင်နိုင်ပါတယ်။ အဲဒီတွန်းလှည်းလေးတွေဟာ မောင်းသူကိုယ်တိုင် အားပြုတွန်းရင် လမ်းမပေါ်မှာ ဖြတ်သန်း သွားလာနေကြပေမယ်. အင်ဂျင်မပါတဲ. အတွက် လေထု ညစ်ညမ်းမှုကို မဖြစ်စေပါဘူးလို. သဘာဝပါတ်ဝန်းကျင် ထိန်းသိမ်းရေးက ချီးမွမ်း လိုက်ပါတယ် ။
များသောအားဖြင်. တွန်းလှည်းခလေးတွေက နေ.လည်ပိုင်းမှ စပြီးအလုပ်လုပ်တာများပါတယ် ။ တလမ်းးဝင် တလမ်းထွက် သွားလာလှုပ်ရှားနေတဲ. တွန်းလှည်းလေးတွေဆီကနေ အချဉ်ပေါင်း၊ အသုပ်စုံ ၊ ကြာဇံဟင်းခါး ၊ ပြောင်းဖူးပြုတ်၊ မြေပဲပြုတ်၊ အကြော်စုံမှ အစ လူကြိုက်များတဲ. မုန်.ဟင်းခါးထိ အိမ်တိုင်ယာရောက် ၀န်ဆောင်မှု ကိုရနိုင်ပါတယ် ။ တချို.တွန်းလှည်းလေတွေကတော. ပစ္စည်းအဟောင်းတွေကို အရောင်းအ၀ယ်လုပ် နေသူတွေပါ။ ဒါကြောင်. လှည်းကလေးကလည်း ရန်ကုန်ပြည်သူတွေအဖို. ရောင်းသူရော ၊ ၀ယ်သူပါ . အသုံးတည်. နေဆဲပါလို.ပြောရင် မှားမယ်မထင် …။
အိမ်မှာ အနေများတဲ. သူတွေအဖို. လှည်းကလေးနဲ. ပိုမိုရင်းနှီးခွင်.ရပါလိမ်
.မယ် ၊ သူတို.နဲ. အရောင်းအ၀ယ် မလုပ်ရင်တောင် သူ.ရဲ. အော်သံ၊ ခေါ်သံကို ကြားရမှာ မလွဲဘူး။ တချို. တွန်းလှည်းကလေးတွေက ကတော. သီချင်းတသာသာနဲ. သူဌေးဇာတာကို ဖော်ပေးရှာတဲ. ထီဆရာတွေပေါ. ။
အရပ်တကာ လည်ပြီးရှာ စီးပွားမပါ ၊ ၀မ်းစာသာဖြစ်ပေမယ်. လှည်းကလေးကို တွန်းနေကြတဲ. လှည်းဆရာတွေကို အထင်မသေးလိုက်ကြပါနဲ.ဗျာ ။ ဒီအကြောင်းနဲ. စပ်လျဉ်းပြီး ……
တညနေ ညဈေးဘက်ကို လမ်းလျှောက်ထွက်တုန်း ပြောင်းဖူးပြုတ်၊ မြေပဲပြုတ်ဝယ်ရင်း ထိုသူရဲ. အခြေအနေကို လေ.လာလို၍ စကားစပ်မိသည် ။ အဓိကတော. တွန်းလှည်းဈေးသည်က လူငယ်လူရွယ်တယောက် ဖြစ်နေခြင်းပါပဲ .. ၊ ဘာကြောင်. ဒီဖြင်.အလုပ်တွေ မလုပ်ဘဲ တွန်းလှည်းဈေးသည် လုပ်တာကို သိလို၍ မေးမိသည် ။ သူက တက္ကသိုလ်ကျောင်းဆင်း ဘွဲ.ရပြီးသားတဲ. ဒီလိုပြောတော. ကျွန်တော်. ပြူးကနဲ သူ.ကို စိုက်ကြည်.မိတယ်။ တွန်းလှည်း ဈေးသည်က ကျွန်တော.ကို အမှန်ပြောတာပါ ။ အဲဒီတော.ကျွန်တော်ကလည်း ဘွဲ.ရမှတော. ကုမ္မဏီတွေ ၊ အရောင်းဆိုင်တွေမှာ အလုပ်လျှောက်ပါလားလို. ဆရာလုပ်မိတော. တွန်းလှည်းသမားလေးက “ ဒီအလုပ်လုပ်တာပဲ ပို အဆင်ပြေပါတယ် အစ်ကိုရယ၊် ကုမ္မဏီမှာ သွားလုပ်ရင် ထမင်းတောင် နပ်မှန်အောင် စားနိုင်မှာ မဟုတ်ဘူး” တဲ. ရုတ်တရက်သူ.ကို ကျွန်တော်နားမလည်ခဲ.ပါဘူး ။ ကျွန်တော်က သူ.ကို မျက်လုံးအပြူးကြီးနဲ.ဆက်ကြည်.တော. သူကဆက်ပြောပါတယ် ။ “ဒီအလုပ်ကပိုကိုက်တယ် အစ်ကိုရေ. .. တရက်ကို အရင်းက ၅၀၀၀ ကနေ ၇၀၀၀ ၊ တနေ.လုံးရောင်းရငွေက ၁၂၀၀၀ ကနေ ၁၄၀၀၀ ရရင် ကျနော်.အတွက် ၆၀၀၀ ၊ ၇၀၀၀ ကျန်တယ်ဗျ” လို. မြေပဲ၊ ပြောင်းဖူးပြုတ်ရောင်းတဲ. တွန်းလှည်းဈေးသည်လေးက ကျွန်တော်.ကိုပြောပြတော.မှ သူ.စီးပွားရေး ဈေးကွက်ကို ကျွန်တော် သဘောပေါက်တော.တယ်။
အဲဒီအချိန်ကျမှ အရာတစ်ခုကိုပြေး သတိရမိသည် ကျွန်တော်နဲ. အဆောင်အတူနေ ညီလေးတယောက်က နိုင်ငံခြားကလာဖွင်.တဲ. ကျောင်းတစ်ခုမှာ ဆော.၀ဲ၊ ပရိုကရမ်းမင်း နဲ.ကျောင်းပြီးတာ အခုအလုပ်စလျှောက်တော. လစာက အမြင်.ဆုံး မြန်မာကျပ် ၆၀၀၀၀ ဆိုတော. ၃၀နဲ.အပြေးအလွှားစားကြည်.တယ် ။ နေ.ချင်းနဲ.တွက်ရင် တရက်ကို ၂၀၀၀ ကျပ်ဆိုတော. လှည်းကလေးဆရာကို ဘာကြောင်. ကုမ္မဏီမှာ အမလုပ်တာလည်း ဆိုတဲ. အဖြေအတွက် ကျွန်တော် ငြင်းချက်ထုတ်စရာမရှိ ၊ ရိုးရိုးပညာရေးဘွဲ.အပြင် ပရိုဂရမ်မာ ဒီပလိုမာ-ဆာတီဖီကိတ် ကိုင်ထားတဲ. သူတယောက်တောင် တရက်ကို ၂၀၀၀ ကျပ်နှုန်းရတော. သူ.အနေနဲ. ဒွိဟဖြစ်စရာ အကြောင်းမရှိ၊ နှစ်ခါပြန်စဉ်းစားစရာမလိုဘဲ ၀မ်းဝဖို.အတွက်ဆိုရင် သူ.အတွက် အမြင်.ဆုံး အဲယားကွန်း အခန်းထဲမှာ လုပ်ရတဲ.ကုမ္မဏီ အလုပ်ရရင်တောင် လှည်းကလေးကို ဦးစားပေးစာရင်းမှာ ထည်.သွင်းရမည်သာ ။
ယခုလက်ရှိ မြန်မာပြည်က ဖရက်ရှာ ဘွဲ.ရ ပညာတတ်လေးတွေဟာ အိမ်ကအကူအညီ မယူဘဲ ကိုယ်.ခြေထောက်ပေါ် ကိုယ်ရပ်တည်ပြီး အလုပ်ခွင်ထဲစတင် ဘ၀ခရီးနင်ဖို.အတွက် ဘယ်လောက် စိစစ်ချွေတာ ရမည်ဆိုတာ ကျွန်တော် နားလည်ခဲ.ပါတယ်။ အလုပ်အခွင်. အလန်းလေး နည်းနည်းပါးပါး ရှိလာသည်.တိုင်အောင် ရရှိမည်.၀င်ငွေကို စိတ်ပျက်ပြီး ထိုထိုလေလေ အိမ်မှာ နေနေကြတဲ. ဘွဲ.ရတွေလည်း ဒုနဲ.ဒေးပါ ။ စစ်စစ်ပေါက်ပေါက် သုံးတတ်တဲ.သူတွေအဖို.တောင် ဒီလခနဲ. ရပ်တည်လို. မလွယ်သေးပါဘူး ။
ဝင်ငွေ တရက် ၂၀၀၀ နှုန်းကို အဆောင်ခ၊ အိမ်ခန်းခပေးစရာမလိုဘဲ စိစစ်ပြီး လောက်ငှအောင် သုံးစွဲရမယ်ဆိုရင်တောင် အသက်သာဆုံး ဘတ်စ်ကားကိုစီး၊ လက်ဖက်ရည်ဆိုင်မထိုင် ၊ အပေါင်းသင်းတွေနဲ. တခါမှ မစားမသောက် ၊ ကန်းစွန်းရွက်နဲ. မနက်နေ.လည် ၊ ညစာကိုဖြစ်သလိုရှင်းရင်တောင်မှ လကုန်ထိ ၆၀၀၀၀ ဆိုတာ ဥပုဒ်စောင်.ရမယ်.ရက် မရှိနိုင်ဘူးလို. မတွက်နိုင်သေး။ အပိုဝင်ငွေမရှိဘဲ ကိုယ်.ဖာသာကိုယ် ဖုန်းတစ်လုံးဝယ်ကိုင်မယ် ဆိုရင်တော. ရေသောက် ဗိုက်မောက်ရုံပေါ.။ ဒါတောင် သုံးလေးလလောက်စုရဦးမှာ ၊ ဒီလိုတွက်ဆရင်း သူတို.လေးတွေကို သနားမိခဲ.ရသည်တော. အမှန်။ တချို.ကတော. အလုပ်အတွေ. အကြုံရရှိရေးအတွက် အိမ်က အထောက်အပံ.ယူပြီး အလုပ်လုပ် နေကြတာတွေ လည်းရှိပါသည် ။
တနေ.မှာတော. လိမ်မာပါးနပ်တဲ. ရေသည်တွန်းလည်းကလေးနဲ.လည်း တွေ.ခဲ.ရသေးတယ် ။ သူ.အလုပ်ကလည်း လွယ်သည်လို.တော. မထင်ပါနဲ.၊ နှစ်ဆယ်လီတာရှိတဲ. ရေသန်.ဗူးကို ထမ်းပြီး ခုနှစ်ထပ်၊ ရှစ်ထပ်တိုက်ပေါ်ကိုတက်ရတဲ.အလုပ်လေ ။ ရေသန်.ဗူးတလုံးကို ဘယ်လောက်ရလည်းမေးတော. “တစ်ရာ” ၇တယ်လို.ဖြေပါတယ်။ အပေါ်ဆုံးထပ် အလွှာအထိ ဘာပစ္စည်းမှမပါဘဲ တက်ရင်တောင် မောပန်းတတ်တဲ. သူမှန်ရင် သူ.ကို ကိုယ်ချင်းစာမှာ အမှန်ပင် ။ နိုင်ငံခြားက ဓါတ်လှေခါးကိုသာ သတိရတတ်သော ကျွန်ုပ်အဖို. ရေဘူးထမ်းခ မြန်မာငွေ ကျပ်တစ်ရာကို ၀မ်းသာစွာပင်ပေးခဲ.သည် ။ တနည်းအားဖြင်. ကောင်းတဲ.ဘက်က စဉ်းစားရင်တော. သူ.အတွက် တအိမ်တက် တအိမ်ဆင်း ပင်းပန်းတာကို မကြည်.ဘဲ ကောင်းတာကို ကြည်.ရင်တော. သူဟာ လေးလံတဲ. သောက်ရေ တွန်းလှည်းလေးကို ကုန်းဆင်း၊ ကုန်းတက၊် တလမ်းဝင် တလမ်းထွက်တွန်းရင်း သူ.ရဲ. လက်မောင်းတွေကို ကြံ.ခိုင်သန်မာမှု ရရှိစေခဲ.ပါတယ် ။ ရေဗူးပခုံးပေါ်ထမ်း မြင်.မားတဲ.တိုက်တွေပေါ်ကို အတက်အဆင်းပြုရင်း ခြေသလုံး၊ ပေါင် ကြွက်သားတွေ ကျစ်လစ်ခိုင်ခံ.စေခဲ.ပါတယ် ။ Gym သွားစရာမလို Fitness Center မှာသွားပြီး အားအင်ဖြုန်း ၊ ပိုက်ဆံဖြုန်းစရာမလိုဘဲ အဆီပိုတွေလည်း ဖယ်ရှားပြီးသားဖြစ်မှာပါ ။ ဆက်ပြီး သူ.ရဲ.စားသောက်ရေးကို မသိမသာ မေးကြည်.တဲ.အခါမှာတော. သူက “မဆိုးပါဘူး” လို.ဖြေပါတယ် “တနေ.၀င်ငွေက ၆၀၀၀ ကနေ ၇၀၀၀ အမြင်.ဆုံးရတယ် ၊ မနက်စာအချိန်မှာ လက်ဘက်ရည်အပါ နေ.လည်စာ ၊ ညစာ စားတာ အကုန်လုံး ၁၅၀၀” လို.ပြောတော. ၊ ကျွန်တော် မျက်လုံးပြူးသွားပါတယ်။ ကျွန်တော်.အရိပ်အခြေကို ကြည်.ပြီး “ ဟုတ်ပါတယ် ကျွန်တော်တို.စားတဲ.ဆိုင်က တခါစားမှ ၂၀၀ လောက်ကျတာ ၊ အသား (ဒါမှမဟုတ်) ငါး တစ်တုံးနဲ. ထမင်းတပွဲကို ၂၀၀လောက်ကျတာ” ဆိုတော. ၀င်ငွေအားနည်းတဲ.သူတွေ အတွက်လည်း ထည်ထည်ဝါ၀ါကြီး မဟုတ်ပေမယ်. သက်သက်သာသာ ရောင်းပေးတဲ. ဆိုင်တွေလည်း ရန်ကုန်မြို.မှာ ရှိသေးတယ် ဆိုတာ မှတ်သားရပါတယ် ။
ထမင်းတခါစားရင် အနည်းဆုံး ၂၀၀၀ လောက်ကုန်ကျမှ ထမင်းစားတတ်တဲ. ကျွန်ုပ်အဖို. အတွေးတစ်ခု ခေါင်းထဲ ထင်းကနဲပေါ်လာမိပါတယ် ။ ရန်ကုန်မှာ အပေါဆုံးက ဘီယာဆိုင်လို.ပြောရင် မှားမယ်မထင် ၊ ကိုယ်လို သူလိုကလည်း မသွားရင် မနေတတ်ဘူးလေ… ခြေကယားယား လာတယ်ဆိုပါတော. ၊စားပြီး သောက်ပြီးရင် တခါတခါ ရှင်းရတဲ.ငွေက နှစ်သောင်းထက် မနည်းဘူး ၊ အဲဒီအချိန်မှာ သူတို.မှာတော. ပုံမှန်ထမင်း တနပ်စာအတွက် တွက်ချေ ကိုက်အောင် တွက်ချက်ပြီး စစ်စစ်ပေါက်ပေါက် ချွေတာရတာ ကိုယ်ချင်းစာမိပါတယ်။
သူတို.လေးတွေဟာ မိမိကျင်လည်ရာဒေသမှာ အဆင်ပြေသလို ၀မ်းစာရှာရင်း မိမိတို.နဲ.ထိုက်တန်တဲ.၊ မိမိတို.လုပ်နိုင်စွမ်းရှိတဲ.၊ မိမိတို. ဘ၀တက်လှမ်းအတွက် လှေခါးရင်းဖြစ်တဲ. အရင်းအမြစ်ကောင်းတွေ ၊ နေရာကောင်းတွေ မရောက်ရှိကြသေးပါ ။ အမှန်တကယ်တော. လုပ်အားတန်ဖိုးဆိုတာ ကာယစွမ်းအား ၊ ဥာဏစွမ်းအားနဲ. ပေါင်းစည်းနိုင်မယ် ဆိုရင် ကြီးမားတဲ. အကျိုးရလဒ် အသီးအပွင်.တွေ ဖြစ်ပေါ် စေနိုင်ပေမယ်. မျိုးဆက်သစ်လေးတွေဟာ သူတို.ရဲ.စွမ်းအားကို အကောင်အထည်ဖော်ဖို. အခွင်.အရေးတွေနဲ. ဝေးကွာနေဆဲပါလားလို. စဉ်စားရင်း မိမိရှေ.မှ ထွက်ခွာသွားသော “လှည်းကလေး” ကို ငေးကြည်.ကာ အတွေးများစွာဖြင်. ကျန်နေခဲ.မိပါသည် ။ (မိမိဧ။် အမြင်အာဘော်များသာ ဖြစ်သည် )
သျှမ်းထွန်း (၂၀.၀၆.၂၀၁၂)
No comments:
Post a Comment