Tuesday, November 13, 2012

မမြင်နိုင်သော အခိုက်အတန်.





















"ဒီပုံလေးမှာ ရထားအလာကို စောင်.မျှော်ရင်း ဘူတာရုံထဲက 
ထိုင်ခုံလေးပေါ်မှာ သေဆုံးနေရှာတဲ. လူကြီးတယောက်ပါ …
ဘေးနားမှာတော. သူ.အတွက် ကောင်းရာမွန်ရာ ဆုတောင်းပေးနေရှာတဲ.
ဘုန်းကြီးတစ်ပါးပေါ. …. ”

လူသားအားလုံးဟာ ခရီသွား ဧည်.သည်တွေပါ …
ကိုယ်.ဘ၀ခရီးကို လျှောက်လှမ်းရင်း ဘယ်အချိန်ခါ ၊
ဘယ်နေရာမျိုးမှာ ဘယ်လို အသက်ထွက်မယ်ဆိုတာကို
ဘယ်သူမှ မမျှော်လင်.ခဲ.သလို ဘယ်သူမှ မသိနိုင်
မသတ်မှတ်နိုင်ဘူးဆိုတာ ဖော်ပြနေတာပါ .......။

“ငှက်ဆိုတာ ပျံရင်းသေ၊ လူဆိုတာကြံရင်းသေ” လို.ဆိုကြတယ်လေ။

သွားရင်းလာရင်း ၊ ရှာရင်းဖွေရင်း၊ လုပ်ရင်းကိုင်ရင်း၊ တိုက်ရင်းခိုက်ရင်း၊
ပြောရင်းဆိုရင်း ဒီလို အသက်ထွက်ခဲ.တဲ. သူတွေလည်းရှိကြပါတယ် …
ဒါပေမယ်. လူ.ဘ၀မှာ သူပိုင်ဆိုင်ခဲ.သမျှ အရာတွေကိုတော.
ယူမသွားနိုင်တာ သတိရစရာပါ …..

အသက်ရှင်သမျှ ကာလပတ်လုံး လောဘ အမိုက်တွေ
ဖုံးလွမ်းပြီး သူရှာထားခဲ.သမျှ အရာတွေ တစ်ခုမျှ ယူမသွားနိုင်ရှာဘူး
ဒေါသမီး တောက်တွေနဲ. တဟုန်းဟုန်းတောက်ခဲ.လေသမျှ
အခုတော. အေးစက်စက် ခန္ဓာကိုယ်က ငြိမ်သက်လို.ပါဘဲ
မာန်မာန တရားတွေနဲ. ထောင်လွှားခဲ. လေသမျှ
အခုတော. တိတ်ဆိတ်နေတဲ. ခန္ဓာကိုယ်က ငိုက်စိုက်ကျလို.နေတာ
သတိသံဝေဂ ရစရာပါ .. နောက်ဆုံး သူ.ခန္ဓာကိုပင် ထားခဲ.ရတယ်လေ …

အဲဒီတော. ဘယ်အရာကိုမှ ယူမသွားနိုင် သယ်မသွားနိုင်တာချင်းအတူတူ
မမြင်နိုင်တဲ. ခရီးအဆုံးကို လျှောက်လှမ်းရင်း လွန်ကျူးတဲ.လောဘတရားတွေ၊
တောက်လောင်တဲ.ဒေါသတရားတွေ ၊ မလိုအပ်တဲ. မာန်မာန တရားတွေကို
ဘေးဖယ်ပြီး တင်.တင်.မျှတစွာ ကြံဆောင်ရင်း ဖြူစင်တဲ. စိတ်ထားလေးတွေနဲ
ကိုယ်.ဘ၀လမ်းကို လျှောက်လှမ်း ခဲ. ကြမယ်ဆိုရင်တော. အကောင်းဆုံးပေါ ….။

သျှမ်းထွန်း

No comments:

Post a Comment