ဒီနေ.သူ အလုပ်ကပြန်လာတာ တော်တော်လေးနောက်ကျနေပါပြီ ။ တနေကုန် အလုပ်လုပ် ပင်ပန်းပြီးပြန်လာတာမို.စိတ်ကသိပ်မကြည်လင် အိမ်နားရောက်တော. ငါးနှစ်အရွယ်သားလေးက တံခါးပေါက်နားမှာ သူ.ကိုထိုင်စောင်.နေခဲ.တယ်။ သူ.အနားရောက်တော. …..
သား : အဖေ သားတခုလောက် မေးပါရစေ
အဖေ: မေးလေ ဘာလဲ သား?
သား :အဖေပိုက်ဆံရှာတာ တစ်နာရီကိုဘယ်လောက်ရလဲဟင်?
အဖေ: ဒါမင်းအလုပ်မဟုတ်ဘူးကွ ၊ ဘာလို.ဒီလိုမေးခွန်းမေးရတာလဲ?
သူကစိတ်ဆိုးဆိုးနဲ.ပြန်ပြောလိုက်တယ်။
သား :တစ်နာရီကို ဘယ်လောက်ရသလဲ သားသိချင်လို.ပါ ၊ ကျေးဇူးပြုပြီးပြောပြပါအဖေ။
အဖေ: အေးမင်းသိအောင် ပြောပြမယ် တစ်နာရီကို ဒေါ်လာ ၅၀
သား : “အိုး” ဆိုပြီးလူမမယ်လေးက ခေါင်းကိုအောက်စိုက်လိုက်တယ်။
ပြီးတော. အဖေ ကျနော်.ကို ဒေါ်လာအစိတ်လောက်ချေးပါလား ?
သူ.မှာဒေါသတွေ အခြောင်းခြောင်း ထွက်လာပြီး “မင်းတကယ်လို. ဘာမှသုံးစားလို.မရတဲ.အရုပ်တွေ အရေးမပါတဲ.အရာတွေအကြောင်းပြပြီး ပိုက်ဆံလာချေး နေမယ်ဆိုရင် မင်းအိပ်ခန်းထဲပြန်တော. ၊ ပြီးရင် ဘာလို. ငါတကိုယ်ကောင်းဆန်နေရသလဲ ကိုယ်.ဟာကိုယ်တွေး ၊ ငါတနေကုန် အလုပ်ကြိုးစား လုပ်နေတာ ဒီလိုကလေးကလားဆန်တဲ.အလုပ်တွေ အလဟဒ ပိုက်ဆံဖြုန်းဖို.မဟုတ်ဘူး”
လူငယ်ကလေး ဘာမှမပြောတော.ဘဲ သူ.အခန်းထဲ လှည်.၀င်ပြီးတံခါးပိတ်လိုက်ပါတယ်။
သူလည်းသူ.အခန်းထဲရောက်ပြီး စိတ်တိုတိုနဲ. ဘာကြောင်.ကလေး ဒီလိုမေးရဲရသလဲ ဆိုတာစဉ်းစားနေခဲ.တယ်။ တစ်နာရီလောက်အကြာ စိတ်ဆိုးလည်းပြေတော. သူပိုက်ဆံတောင်းတာ အကြောင်းတခုတခုတော.ရှိမှာပဲဆိုပြီး၊ တော်ရုံတန်ရုံ သူပိုက်ဆံမတောင်းဖူးပါဘူး ၊အခုသူအမှန်တကယ် ပိုက်ဆံ ၂၅ဒေါ်လာလိုလို.ဘဲဖြစ်မယ်ဆိုပြီး စဉ်းစားမိတာနဲ. ကလေးလေးရဲ.အခန်းကို သူသွားခဲ.တယ်
အဖေ: မင်းအိပ်နေပြီလား သား?
သား : မအိပ်သေးပါဘူးအဖေ
အဖေ : စောစောကသားကိုအဖေပြောတာ နဲနဲမာသွားတယ် ၊ တနေ.လုံးအလုပ်ထဲကကိစ္စအဆင်မပြေ တာတွေကြောင်.ရော သားကိုစိတ်ဆိုးမိတာပါ၊ ရော.ဒီမှာ မင်းလိုတဲ. ၂၅ ဒေါ်လာ။
ကလေးလေးက ပြုံးရွှင်တဲ.မျက်နှာနဲ. မတ်မတ်ထိုင်လိုက်တယ် “ကျေးဇူးပဲအဖေ” ပိုက်ဆံကို လှမ်းယူပြီးတဲ.အခါ သူ.ခေါင်းအုံးကို ဆွဲလှန်လိုက်တယ် အောက်မှာတော. ခေါက်ကြေ နေတဲ. ပိုက်ဆံအချို.၊ ဒါကိုသူတွေ.တော. နောက်တကြိမ် စိတ်တိုသွားပြီး “ မင်းဆီမှာ ပိုက်ဆံရှိရက်သားနဲ. ဘာလို.ထပ်တောင်းတာလဲ ? “
“သားပိုက်ဆံက မလောက်သေးလို.ပါ၊ အခုတော.လောက်ပြီ” လို.ကလေးလေးက ပြန်ဖြေ လိုက်ပါတယ်။
“ အဖေ သားမှာ အခု ပိုက်ဆံ ၅၀ရှိပြီ အဖေ.ရဲ.အချိန် တစ်နာရီလောက်သားကိုရောင်းပါလား ? မနက်ဖြန် အိမ်ကို အဖေစောပြန်လာပြီးရင် သားအဖေနဲ.အတူတူ ညစာစားချင်တယ်။”
သူရင်ထဲမှာ ၀မ်းနည်းမှုတွေဆို.တက်လာပြီး နာကျင်မှုတခုကိုခံစားလိုက်ရတယ်။ ကလေးလေးရဲ. ခန္ဓာကိုယ်ကို သူ.လက်မောင်းတွေနဲ. ပွေ.ဖက်လိုက်တယ် ၊ “သား .. အဖေ.ကိုခွင်.လွတ်ပါ “ တုန်ရီနေတဲ.သူ.နှုတ်ဖြားက စကားတခွန်းနဲ.အတူ သူ.ရင်ထဲလှုပ်ခတ်သွားမိပါသည်။
(It's just a short reminder to all of you working so hard in life. We should not let time slip through our fingers without having spent some time with those who really matter to us, those close to our hearts. Do remember to share that $50 worth of your time with someone you love.)
(ဘာသာပြန် အားနည်းမှုကြောင်. အသုံးအနှုံး မဆီလျော်ခဲ.ရင် တောင်းပန်အပ်ပါသည်)
သျှမ်းထွန်း
No comments:
Post a Comment