Tuesday, November 13, 2012

လွမ်းစရာအကြောင်းလေးတွေ


 စင်္ကာပူဆိုတာ တိုးတက်တယ် ဆိုပေမယ်. ကျွန်တော်တို. မြန်မာလူမျိုးတွေအတွက် တော. လိုအပ်ချက်လေးတွေရှိကြစမြဲ၊ မြန်မာပြည်နဲ.ကွာဟချက်လေးတွေက မြန်မာပြည်ကို ပိုပြီးသတိရစေတဲ. အကြောင်းအရာတခုဖြစ်လာသည်။
               မိခင်မြေမှ မွေးဖွားလာတဲ. မြန်မာလူမျိုးတိုင်း မြန်မာအစားအသောက် ကို ဘယ်နေရာရောက်ရောက် သတိရတတ်ကြသည်။ တမ်းတမိကြသည်။ ထမင်းဟင်းစားတိုင်းလည်း ငါးပိရည်ချို ၊ တို.စရာ၊  ငရုပ်သီးထောင်း ၊ ငါးခြောက်သုပ် ၊ ငံပြာရည်ကြော် အချဉ်၊ အစပ်၊ အငန် အရသာလေးလည်းပါဦးမှ အလေးအပင်၊ အချဉ်အငံ အရသာကို ပို၍ခုံမင်နှစ်သက်တတ်ကြသည်၊ ငါးပိရည်ကျိုလေးပါရင်တော. ပိုပြီး ခံတွင်းတွေ. အစားမြိန်စေပါတယ်။ နောက်ဆုံးအဲဒါတွေမရှိတော. ပင်နီဇူးလားပလာဇာမှာ ငပိရည်ကြိုအခဲတွေ ၊ ငပိထောင်းဗူးတွေ ၊ ချင်ပေါင်ကြော်၊ ပဲပုပ်ကြော်တွေကို ဈေးကြီးကြီး ပေးပြီးဝယ်စားနေရတာပါ။ မြန်မာ.လက်ရာ ၊ မြန်မာ.အစားအစာ လေးလည်းစားရဦးမှ လူဖြစ်ရကြိုးနပ်မှာပေါ. ဆိုသလို စားရတဲ.အခါ ကျေနပ်မှုတော. ရကြစမြဲပင်။


                 သတိရပါသေးသည် မိမိနှင်.အတူတူအလုပ်လုပ်သော မိတ်ဆွေတယောက်က ကုမဏ္မီက ကျွေးသော အစားအသောက်များ ဟင်းသီးဟင်းရွက်၊ အသားငါး အမျိုးစုံအောင် ကျွေးပါသည် ။ သို.သော်လည်း  ခံတွင်းမတွေ.သဖြင်. ပင်နီဇူးလားပလာဇာမှ ငရုပ်သီးမှုံ.တို.ဖြင်. အသင်. ရောစပ်ထားပြီးသား ရေချိုငပိ အမှုံ. ကိုဝယ်ယူပြီး ရေနွေးလေးဖြင်.စပ်ကာ ငပိရည်လေးဖျော်သည်။  စားပင်မစားရသေးသော်လည်း ၊ ငပိရည်ကျို အနံ.လေးက ဆွဲဆောင်မှုရှိလှသည်။ ညနေစာစားတော. Kitchen ကကျွေးသော အစားအသောက်မှာ ဈေးကြီးပေးဝယ်ရသော အရေခွံပါချွတ်ပြီးသား ငါးအသားဖတ်များကို Black sauce ဖြင်.ပေါင်းထားပြီး  အပေါ်မှာ ဂျင်းနဲ. နံနံပင်လေးပါ အုပ်ထားသေးသည် ။ထို.ပြင်  Sausage  နဲ. Soya been soup စတဲ. ဟင်းအရံတွေ လည်းပါသေးသည်။ ဟင်းရွက်ကတော. ထိုင်ဝမ် မုံညင်းဖြူအသေးမျိုးကို အပင်လိုက် ကြော်ထားသည်ဆိုသော်လည်း  ဆီအင်မတန်နည်းပြီး ကော်ရည်ဖြင်.ဆမ်းထားသည်။ ထိုဟင်းများကိုမည်သူမျှ စိတ်မ၀င်စား ၊ ကျွန်တော်.မိတ်ဆွေရဲ. ငပိရည်ကျိုလေး ပင်နီဇူးလားပလာဇာမှ ၀ယ်လာသော ရှောက်ရွက်၊ မြင်းခွာရွက် ၊ သခွားသီး၊ ပဲသီးစသဖြင်. အစပ်အဟပ်တည်.သော အတို.အမြုပ်တပွဲဖြင်.သာ သူတဇွန်းကိုယ်တတို.နဲ. ညနေစာကို မျက်နှာပန်းလှစေခဲ.သည်။ အဲသလို စားရတိုင်း မြန်မာပြည်က အစားအသောက်တွေ လွမ်းမိရပါသည်။ 
               မြန်မာလူမျိုးတို.သည် လေးလေးပင်ပင်စားတတ်ကြသည်။ စင်္ကပူးရီးယန်းများစား သောက်ကြသော အဆီပေါ. ၊ အငံပေါ. အရသာများကိုလည်းသိပ်ပြီး မနှစ်သက်ကြ သော်လည်း ကိုယ်တိုင်ချက်ပြုတ် စားသောက်ဖို. အချိန်မရှိဖြစ်ဖြစ် ၊ ချက်ပြုတ်စားသောက်ခွင်.မပြုထားသော အိမ်တွင် ငှားနေရ၍ဖြစ်ဖြစ် ဆိုင်မှာဝယ်စားကြရသည် ။ အစားအသောက်ပါကျွေးသော ကုမ္မဏီတွေကလည်းရှိသည်။ သို.ဖြစ်၍ အလုပ်ဆက်တိုက် ဆင်းနေသော ရသတ္တများတွင် မြန်မာအစားအသောက်နှင်. ဝေးနေကြရသည်။ မနှစ်သက်သော်လည်း ၀မ်းဝမှ အလုပ်လုပ်နိုင်မှာမို. ဗိုက်ပြည်.အောင်တော.စားရသည်။    မိမိအားလပ်ရက်ရောက်မှ မြန်မာအစားအသောက်များ မိတ်ဆွေများကို အချိန်ချက်လုပ်ပြီး ပင်နီဇူးလားပလာဇာတွင် မြန်မာအထိအတွေ.ကိုခံစားရင် မြန်မာအရသာ အစားအသောက်များဖြစ်သော  မုန်.ဟင်းခါး၊ ၇ခိုင်မုန်.တီ၊ လက်ဖက်သုပ် ၊ဂျင်းသုပ် ၊ နန်းကြီးသုပ် ၊ ရှမ်းခေါက်ဆွဲ ၊  မြန်မာထမင်းဟင်းတို.ကို တကူးတက သွား၍စားသောက်ကြသည်။ မြန်မာ.အရသာရေနွေးကြမ်းလေးသောက်ချင်လို. မှာတော. ရေနွေးကြမ်းတအိုး တစ်ဒေါ်လာပေးရသည်။ မြန်မာပြည်၌ လက်ဘက်ရည်ကြမ်း  (ရေနွေးကြမ်း) ကိုလက်ဖက်ရည်ဆိုင်တိုင်း၊  မြန်မာထမင်းဆိုင်တိုင်း အလကား သောက်နိုင်သော်လည်း  စလုံးမှာ ရေနွေးကြမ်းလေးတခွက်သည်ပင် ဈေးကွက်ဝင်လေတော. မြန်မာပြည်ကို မလွမ်းဘဲ ဘယ်သို.နေနိုင်မည်နည်း။  မြန်မာပြည်မှ နေ.စဉ် လေယာဉ်ဖြင်.တင်ပို.လာသော ချဉ်ပေါင်ရွက်၊ ဗူးရွက်၊ ရှမ်းမုံညင်းဖူး၊ မြစ်ချဉ်၊ မြစ်ရည်စိမ်၊ ဓညင်းသီး ၊ သရက်သိးစိမ်း စတဲ.ဟင်းသီးဟင်းရွက်များအပြင် ၊ ဆတ်သားခြောက်၊ ငါးခြောက်အမျိုးမျိုး၊  အာပြဲခြောက်ကြော် ၊ ပဲပုပ်သက်သတ်လွတ်ကြော် ၊ ငပိထောင်းဘူး ၊ ငံပြာရည်ကြော်၊ စသည်တို.လည်း ဈေးကွက်ဝင်သော ရှားပါးအစားအသောက်များ ဖြစ်လေသည်။ 

  Fair Price (NTUC) , Gold Storage  စတဲ. Shopping mall တွေမှာ အမျိုးအမည် မရေမတွက် နိုင်အောင်  အစားအသောက်   အမျိုးမျိုးကို ရောင်းချနေသော်လည်း၊ မလေးလူမျိုး၊ တရုတ်လူမျိုးများ မက်မက်မောမော စားသောက်တဲ. အစားအသောက်ပင်ဖြစ်စေ မြန်မာပါးစပ်က အရသာမတွေ.လှ  ၊ တခါတလေ “ ဒီကောင်တွေကွာ ငါတို.မြန်မာပြည်က ဆိုင်ကောင်းကောင်းကို ခေါ်ပြီး စားကြည်.စေချင်တယ် အရသာ ဘယ်လိုကွာသလဲဆိုတာကို “ စသဖြင်. ရေရွတ်မိကြသည်။ မှန်ပါသည် စလုံး  လူမျိုးများသည် စာအုပ်ကြီးအတိုင်း စားသောက်နေထိုင်တတ်သော လူမျိုးဖြစ်ပါသည်။ ထိုအကြောင်းနှင်. တဆက်တည်း စင်္ကာပူဧ။် ကျန်းမာရေးနယ်ပယ်ထဲသို. အတွေးဖြန်.ကျက်မိသည်။   
   စလုံးလူမျိုးတွေ အစားအသောက်အနေအထိုင် တော်တော်လေး ဆင်ခြင်ကြပါတယ်၊ စင်ကာပူးရီးယန်း အများစုသည် အငန်လည်းမစားရဲ ၊ အချိုလည်းမစားရဲ၊ အချဉ်လည်းမစားရဲ စားချင်ရက်နဲ. ကျန်းမာရေးအတွက် fit မဖြစ်မှာစိုးလို. ရှောင်ကြရတာလည်း ရှိသည်။ သူတို.အင်မတန်ကြိုက်သော Coffee ‘O’ ကိုကျွန်တော.မနှစ်သက် တတ်ခဲ.ပါ၊ မြန်မာပြည်က ကော်ဖီမှုန်.စစ်စစ်နဲ. လုပ်တဲ. ကော်ဖီခါးခါးကိုတော. သတိရမိသည်။  Coca Cola ဆိုလည်း Sugar “0” ဆိုပြီး artificial sugar လေးနဲ.ကျေနပ်ကြရတာပေါ. ၊ ကျွန်တော်တို.ကမရပါဘူး သောက်ရတဲ.အရသာချင်းတူပေမယ်. Sugar ပါမှသောက်ရတာ ပို၍ အာသာရှိသလိုလို ။
          တခါက အရာရှိတဦးကပြောဖူးပါတယ် မြန်မာအစားအသောက်အနံ.ကို မခံနိုင်ဘူး  ဒါပေမယ်. စားလို.တော.ကောင်းတယ် ၊ ဟုတ်လည်းဟုတ်တာကိုး မြန်မာလူမျိုးတွေ စားတဲ.မြစ်ချင် ချက်ပြုတ်တဲ.အချိန်မတော. တတိုက်လုံး မွန်းနေတာပဲ ၊ အနံ.က ချဉ်စုတ်စုတ်အနဲ. မသိရင်တော. မိလ္လာပိုက်ပေါက်တယ် ထင်မှတ်ပါလိမ်.မယ်။ ဒါပေမယ်. စားရင်တော. ကောင်းသား ၊ ဒီလောက် အနံ.ကြမ်းတဲ. အစားအသောက်တွေကို  စင်ကပူးရီးယန်းတွေ ဘယ်စားရဲမလဲ ကြောက်ရှာမှာပေါ. သူတို.ဖတ်တဲ. Pamphlets မှာ ကျန်းမာရေးနဲ. ညီညွတ်သော အစားအစာ ( Healthy diet)   ထဲပါမှမပါတာ ၊ ဒါပေမယ်. အရဲစွန်.ပြီး စားတဲ.သူတွေကြတော. အကြိုက်ကြီး ကြိုက်သွားတတ်ကြတယ်။  


တခါက ကျွန်တော်တို. ကုမ္မဏီက အရာရှိတယောက်  ခရမ်းချဉ်သီး ၊ ပုဇွန်ခြောက် ၊ ဂျင်း ငရုပ်သီးစပ်စပ်နဲ. သုပ်ထားတဲ. လက်ဖက်သုပ်စားမိတော. ကောင်းလို.ဆိုပြီး ပင်နီဇူးလား ပလာဇာသွားရင်ဝယ်ပေးဖို.မှာတယ် ၊ နောက်ထပ်ကျင်းသုပ်တွေ ၊ ဖီတန် ချဉ်စပ်သုပ်တွေကျွေးလိုက်တော. appetizer လို.တောင်ပြောလာတယ် ၊ ဒါဆိုသူက မြန်မာပါးစပ်ကို ရိပ်မိလာပြီ ၊ စားသောက်ချိန်ဆိုရင် မြန်မာတွေနဲ. ခပ်တွဲတွဲနေလာတယ် အဲလိုနေမှ မြန်မာစာ စားရမှာကိုး ။ အရင်တုန်း သူတို.နိုင်ငံသားတွေဘယ်သူမှမစားရဲတဲ. ကြက်သဲမြစ်ကိုတောင် မြန်မာတွေ စားပြတော. သူတို.လည်း တချို.တ၀က် စားတတ်နေပါပြီ ။ အဲသလိုနဲ. စာအုပ်ကြီး နယ်ပယ်က ကျော်လာတဲ. သူတွေလည်းရှိပါတယ်။

      အစားအသောက် အရသာကွာခြားမှုကလည်း မြန်မာလူုမျိုးများအဖို. လွမ်းစရာလေးတွေဖြစ်လာ တတ်ကြပါသည်။ မြန်မာပြည်ပြန်ရောက်လေတိုင်း သူငယ်ချင်းတွေက လွမ်းနေရတဲ.အစားအသောက်တွေကို တ၀ကြီးစားခဲ.ဖို.မှာလိုက်ကြသေးသည် ။ ပြီးတော. သူတို.အတွက်သယ်လာဖို.ရန်မှာမို.မမေ.ကြ ၊၊ မြန်မာ.မြေမှာမွေးပြီး မြန်မာ.အစားအသောက်ကိုစားကာ ကြီးပြင်းလာသောသူတိုင်းအတွက် ဘယ်နေရာရောက်ရောက် မြန်မာ.အစားအစာနှင်. အရသာသည်လည်း လွမ်းစရာလေးတွေအဖြစ်ရှိနေဦးမည်သာ။


No comments:

Post a Comment